Language:

မြန်မာလက်ရွေးစင်ဟောင်း ဦးဝင်းအောင် ကွယ်လွန်


မြန်မာလက်ရွေးစင်ဟောင်း ဦးဝင်းအောင် ကွယ်လွန်

၁၃ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

၁၉၉၃ ခုနှစ် ဆီးဂိမ်းငွေဆံဆိပ်ဆုရှင်၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာအခွန်နှင့် စင်္ကာပူလိဂ်များတွင် ပရော်ဖက်ရှင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်သည့် မြန်မာလက်ရွေးစင်ဟောင်း ဦးဝင်းအောင်ဟာ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ သူရဲ့ ကစားဖော်ဟောင်းတွေထံမှသိရပါတယ်။

၁၉၉၀ ကျော်နှစ်များတွင်း မြန်မာဘောလုံးလောကတွင် ဝင်းအောင်ရဲ့ ခေါင်းတိုက်ချက်ဟု တခုတ်တရပြောဆိုလောက်ရအောင် ခေါင်းတိုက်သွင်းဂိုးများ ထူးချွန်ခဲ့သည့် လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူးဟောင်းဟာ မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ တိုက်ဂါးဖလားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနဲ့ နိုင်ငံတကာ ပြိုင်ပွဲပေါင်းများစွာကို ယှဉ်ပြိုင်ကစားပေးခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

ဦးဝင်းအောင် ကွယ်လွန်ချိန်တွင် အသက် ၆၀ နှစ်ရှိပြီဖြစ်ပြီး စက်တင်ဘာလဆန်းပိုင်းထဲက အဆုပ်ရောဂါကြောင့် ဆေးရုံတွင်း ဆေးကုသမှုခံယူနေခဲ့တာလည်းဖြစ်ပါတယ်။

အခုလို မြန်မာလက်ရွေးစင်ကစားသမားဟောင်းကြီး ကွယ်လွန်သွားတဲ့အပေါ်ကို အင်တာနက်လူမှုကွန်ယက်ပေါ်မှာတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ကစားဖော်ဟောင်းတွေနှင့် မြန်မာဘောလုံးပရိတ်သတ်တွေက ဆုတောင်းမေတ္တာ ပို့သနေကြတာကိုတွေ့ရပါတယ်။

#အားကစား

#ဦးဝင်းအောင်

#မြန်မာ့ဘောလုံးလောက

#လက်ရွေးစင်ကစားသမား

#ခေါင်းတိုက်ဂိုး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin