Language:

ထိုင်းနိုင်ငံတွင် အခကြေးငွေပေး၍ သူငယ်ချင်းငှားရမ်းသည့် ဝန်ဆောင်မှုများ ခေတ်စားလာ


ထိုင်းနိုင်ငံတွင် အခကြေးငွေပေး၍ သူငယ်ချင်းငှားရမ်းသည့် ဝန်ဆောင်မှုများ ခေတ်စားလာ

၅ စက်တင်ဘာ ၂၀၂၆

ဇင်ကြီး

ထိုင်းနိုင်ငံမှာ အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းနေထိုင်သူဦးရေ တိုးပွားလာမှုနှင့် အသက်အရွယ်ကြီးရင့်သူဦးရေ တိုးပွားလာမှုတို့ကြောင့် သူငယ်ချင်းငှားရမ်းခြင်း ဝန်ဆောင်မှုများ ခေတ်စားလာတယ်လို့ ထိုင်းသတင်းဖော်ပြချက်များအရ သိရပါတယ်။

အဆိုပါဝန်ဆောင်မှုသည် အခကြေးငွေရယူ၍ ဖောက်သည်များနှင့် အချိန်ပိုင်းအဖော်လိုက်ပေးသည့် အလုပ်အကိုင်ပုံစံသစ်တစ်မျိုးဖြစ်ပြီး ခရီးသွားရာတွင် အဖော်လိုက်ပေးခြင်း၊ ဓာတ်ပုံရိုက်ပေးခြင်း၊ ဈေးဝယ်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ ကော်ဖီဆိုင်သွားခြင်းနှင့် Gym သွားခြင် တို့အထိ ဝန်ဆောင်များမှုပေးနေကြတာပဲဖြစ်ပါတယ်။

တရားဝင်စာရင်းအင်းအချက်အလက်များ မရှိသေးသော်လည်း လုပ်ငန်းလုပ်ကိုင်သူများရဲ့ ပြောကြားချက်အရ တစ်ဦးတည်းနေထိုင်သူဦးရေ တိုးလာခြင်း၊ လူနေမှုပုံစံများ ပြောင်းလဲလာခြင်းနှင့် ဆိုရှယ်မီဒီယာများ၏ လွှမ်းမိုးမှုတို့ကြောင့် အခကြေးငွေပေးပြီး အဖော်ငှားရမ်းလိုသူများဟာ မကြာသေးမီနှစ်အတွင်းမှာ ဝယ်လိုအားမြင့်တက်လာတာလို့သိရပါတယ်။

ကမ္ဘာ့ဈေးကွက်သုတေသနကုမ္ပဏီ(Euromonitor International) ရဲ့ အချက်အလက်များအရ ထိုင်းနိုင်ငံရှိ အိမ်ထောင်စုများတွင် ၂၉ ဒသမ ၅ ရာခိုင်နှုန်းက တစ်ဦးတည်းနေထိုင်သည့် အိမ်ထောင်စုများ ဖြစ်ကြပြီး ကမ္ဘာ့ပျမ်းမျှ ၂၁ ဒသမ ၉ ရာခိုင်နှုန်းထက် မြင့်မားနေတယ်လို့ဆိုပါတယ်။

ထို့ကြောင့် တစ်ဦးတည်းနေထိုင်သူများ တိုးလာခြင်းနှင့်အတူ တစ်ကိုယ်တော်ခရီးသွားခြင်း ဝန်ဆောင်မှုများအပေါ်လည်း ဝယ်လိုအား တိုးလာပြီး တက္ကသိုလ်ကျောင်းသူများနှင့် လူငယ်များအတွက် ပိုမိုငွေရရှိနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းသစ်တစ်ရပ် ဖြစ်လာကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောပါတယ်။

ကျွမ်းကျင်သူ မနုဿဗေဒ ၊ ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ လူမျိုးစုဆိုင်ရာ သုတေသနအဖွဲ့အစည်းများပြောကြားချက်အရ အခကြေးငွေပေးပြီး ငှားရမ်းထားတဲ့ အဖော်များနှင့် ဆက်ဆံခြင်းက နေ့စဥ်ဘဝမှာ သူချင်းဖွဲ့ရန် ခက်ခဲသူများအတွက် စိတ်ပိုင်းဆိုင်ရာ သက်သာမှုရရှိစေနိုင် သော်လည်း ဝန်ဆောင်မှုပေးသူများအနေဖြင့် မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်ရန်နှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု သို့မဟုတ် အခြားအကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် စည်းမျဉ်းများနှင့် သတ်မှတ်ချက်များ ထားရှိသင့်ကြောင်းကျွမ်းကျင်သူများက အကြံပြုပြောဆိုထားတာပဲဖြစ်ပါတယ်။

#ဝန်ဆောင်မှု

#စီးပွားရေး

#ဈေးကွက်

#သူငယ်ချင်းငှါးရမ်း

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin