Language:

ထိုင်းနိုင်ငံ ပတ္တယားမြို့ကို အမေရိကန်ရေတပ်သား (၅၀၀၀)ကျော် အပန်းဖြေခရီးရောက်ရှိလာ


ထိုင်းနိုင်ငံ ပတ္တယားမြို့ကို အမေရိကန်ရေတပ်သား (၅၀၀၀)ကျော် အပန်းဖြေခရီးရောက်ရှိလာ

စက်တင်ဘာ ၂ ရက်၊ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ကို စက်တင်ဘာလ (၂) ရက် မွန်းလွဲ (၂)နာရီခွဲအချိန်က အမေရိကန်ရေတပ်သား (၅၀၀၀) ကျော်မှာ လိမ်ချာဘန်ဆိပ်ကမ်းမှ တဆင့် ဘတ်စ်ကားများနဲ့ ပတ္တယားမြို့အတွင်းရှိ Hard Rock Hotel Pattaya ကို အပန်းဖြေရန် ရောက်ရှိလာခဲ့တယ်ဟု ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ရေတပ်သားများ လာရောက်အပန်းဖြေခြင်းကြောင့် ပတ္တယားမြို့ရှိ ဟိုတယ်နှင့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ စတိုးဆိုင်များ၊ Spa လုပ်ငန်းများ၊ ခရီးသွားနေရာတွေနဲ့ အပန်းဖြေ ဖျော်ဖြေရေး လုပ်ငန်းတွေ အပါအဝင် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ စည်ကားလာမယ်လို့ မျှော်လင့်နေကြ ပါတယ်။

“အမေရိကန်ရေတပ်သားတွေက အရသာရှိတဲ့အစားအစာတွေကို မြည်းစမ်းကြမှာ။ ငါတို့ ထိုင်းအစားအစာတွေက ကမ္ဘာမှာ နာမည်ကြီးတာမလို့ စားဖိုမှူးတွေအနေနဲ့ ကိုယ့်ရဲ့အရည်အချင်းတွေကို ပြပြီး အစားစာ ကောင်းကောင်းနဲ့ ဝန်ဆောင်မှုပေးကြပါ။ ဒါမှ နောက်တစ်ကြိမ် ထပ်လာလည်နိုင်မှာပါ” လို့ထိုင်းဒေသခံတွေက မှတ်ချက်ပေးထားပါတယ်။

ပတ္တယားမြို့တော်ဝန်ရဲ့ ပြောကြားချက်အရ အမေရိကန်ရေတပ်သားတစ်ဦးကို အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၀၀) မှ (၁၅၀) အထိ သုံးစွဲနိုင်ပြီး ပတ္တယားမြို့ရှိ စီးပွားရေးလုပ်ငန်းများအတွင်း ဘတ်သန်း (၁၀၀) ကျော် ငွေကြေးလည်ပတ်နိုင်မယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

ထိုင်းခရီးသွား ရဲတပ်ဖွဲ့ကလည်း အမေရိကန် ရေတပ်သားတွေနဲ့ အခြားခရီးသွားတွေ လုံခြုံစွာ သွားလာနိုင်ရေး CCTV ကနေ အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေပြီး ခရီးသွားကူညီရေး Application တွေ အသုံးပြုကာ ပတ္တယားမြို့ရှိ လူစည်ကားရာနေရာများကို လုံခြုံရေးတိုးမြှင့်ထားတယ်လို့လည်း သိရပါတယ်။

ပတ္တယားမြို့အတွင်းရှိ ဘီယာဘား အများအပြားရှိတဲ့ လမ်းသွယ် (၆) နဲ့ လမ်းသွယ် (၇) ကို အမေရိကန်ရေတပ်သားတွေ ဝင်ရောက်ခြင်းကို တားမြစ်ထားပြီး ရေတပ်သားတွေ ပုံရိပ်နဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်ခြင်းကို ရှောင်ရှားရန် ရည်ရွယ်တယ်လို့ သိရပါတယ်။

#ပတ္တယားမြို့ကို

#ကန်ရေတပ်သား (၅၀၀၀)ကျော်

#အပန်းဖြေခရီးရောက်ရှိ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin