၃၁ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)
အာဂျင်တီးနားဂန္ထဝင် လီယွန်နယ်မက်ဆီဟာ နိုင်ငံတကာ လက်ရွေးစင်အသင်းကနေ အနားယူပြီ ဖြစ်ကြောင်း ယနေ့ (ဩဂုတ်လ ၃၁ ရက်) မှာ တရားဝင် ကြေညာလိုက်ပါတယ်။
အသက် ၃၉ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၂၁ နှစ်အတွင်း ပွဲပေါင်း ၂၀၇ ပွဲကစား၊ ၁၂၅ ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားအပါအဝင် အဓိကဆုဖလားကြီး ၅ လုံးကို ဆွတ်ခူးပေးခဲ့ပါတယ်။
၎င်းအနေနဲ့ လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပေမယ့် အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ (Inter Miami) အသင်းမှာတော့ ၂၀၂၈ ခုနှစ်အထိ ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။

