Language:

ထိုင်းနိုင်ငံ ပတ္တယားရှိ ဆေးရုံ တစ်ခုသို့ အမည်မဖော်လိုသူ တစ်ဦးက ဘတ်သန်း (၁၀၀) လှူဒါန်း


ထိုင်းနိုင်ငံ ပတ္တယားရှိ ဆေးရုံ တစ်ခုသို့ အမည်မဖော်လိုသူ တစ်ဦးက ဘတ်သန်း (၁၀၀) လှူဒါန်း

၂၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဗကြီး

ထိုင်းနိုင်ငံ ချောင်ဘူရီ ခရိုင် ပတ္တယားမြို့ရှိ ပါတာမာကွန် ဆေးရုံမှာ အတွင်းလူနာ အပြင်လူနာများ အတွက်အထပ် ခြောက်ထပ်ရှိ အဓိက အဆောက်အဦး အသစ်တစ်ခု တည်ဆောက်ရေး အမည်မဖော်လိုသူ တစ်ဦးက ဘတ် သန်း (၁၀၀)လှူဒါန်းထား ပါတယ်။

အဆိုပါ လျှူဒါန်းငွေများအား သြဂုတ်လ (၂၇)ရက်က လက်ခံရရှိခဲ့ပြီး အဆိုပါ ရန်ပုံငွေများအား စတုရန်း မီတာ (၄၃၅၀) ကျယ်ဝန်းတဲ့ အဆောက်အဦး အသစ် တစ်ခု တည်ဆောက်ရေး သုံးစွဲသွားမှာ ဖြစ်ကြောင်း အဆိုပါ ဆေးရုံက ပြောကြား ပါတယ်။

ဆေးရုံ ညွှန်ကြားရေးမှူး ဒေါက်တာ ဝီချိုင်း သာနာဆိုဖွန်နဲ့ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံ ဝန်ထမ်းများက ဆေးရုံတာဝန်ရှိသူများ ကိုယ်စား အလှူငွေကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် တိုးတက်စေလိုတဲ့ အမည်မဖော်လိုသူ တစ်ဦးက အခုလို လှူဒါန်းမှု အတွက် ကျေးဇူး များစွာ တင်ရှိကြောင်း ပတ္တယား ဆေးရုံက ပြောကြား ပါတယ်။

အရင်က ဘန်လာမွန်း ဆေးရုံလို့ ခေါ်တဲ့ အဆိုပါ ပတ္တယား ပါတာမာခွန် ဆေးရုံဟာ ထိုင်း ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ အစိုးရ ဆေးရုံ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အာရှ နိုင်ငံ အများစုက ကျန်းမာရေး စစ်ဆေးမှုများ၊ ဆေးကုသမှုများ အတွက် လာရောက်မှုများတဲ့ နိုင်ငံ ဖြစ်ပါတယ်။

#ကျန်းမာရေး

#လှူဒါန်းမှု

#ဆေးရုံ

#ပတ္ထရားမြို့

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin