၂၅ သြဂုတ်လ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဟွေထရွမ် မြန်မာနိုင်ငံသို့ သြဂုတ် ၂၆ ရက်မှာ လာရောက်မှာဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေဝန်ကြီးဌာနက ပြောကြား ပါတယ်။
ဒါက ဗီယက်နမ်အစိုးအရာရှိကြီးတစ်ဦးရဲ့ ၂၀၂၁ နောက်ပိုင်း ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ တာဝန်ရှိသူများနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ဗီယက်နမ်နဲ့ မြန်မာတို့သံအမတ်များ အလဲအလှယ်လုပ်ပြီးနောက် တစ်လအကြာမှာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ခွဲထုတ်မရတဲ့ အဖွဲ့ဝင်ဖြစ်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆောင်ကျဉ်းပေးမယ့် အဓိကမူဘောင်ဖြစ်တယ်လို့ ဗီယက်နမ်က မှတ်ယူထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
မြန်မာကို အာဆီယံက ဘေးဖယ်ထားပြီး မကြာသေးခင်က ထိုင်းနဲ့လာအိုတို့ စေ့စပ်ဆက်ဆံမှု ပိုမိုလုပ်ဆောင်ရေး တွန်းအားပေးလုပ်ဆောင်နေပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ နေပြည်တော်က ပြောထားပါတယ်။

