၂၅ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ဩဂုတ်လ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ အမျိုးသားစွမ်းအင်မူဝါဒကောင်စီ (NEPC) က အများပြည်သူသုံး လျှပ်စစ်ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များကို ပြည်သူများရဲ့ အိမ်သုံးလျှပ်စစ်ဘေလ်ထဲမှ အများပြည်သူသုံး လမ်းမီးစရိတ်များကောက်ခံခြင်းကို သီးခြားခွဲထုတ် သွားမယ်လို့ ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ထို့အပြင် အိမ်သုံးလျှပ်စစ်သုံးစွဲမှု (၁)ယူနစ်မှ (၂၀၀) ယူနစ်အထိကို တစ်ယူနစ်လျှင် (၃)ဘတ်သို့ လျှော့ချရန် သဘောတူထားပြီး (၂၀၁) ယူနစ်မှ (၄၀၀) ယူနစ်အထိနှင့် (၄၀၁) ယူနစ်အထက် သုံးစွဲမှုများကို လက်ရှိနှုန်းထားအတိုင်း ဆက်လက်ထားရှိသွားမယ်လို့သိရပါတယ်။
အိမ်သုံးလျှပ်စစ်နှုန်းထား သတ်မှတ်ချက်တွင် အိမ်ငှားများ၊ အဆောင်များ ဘုန်းတော်ကြီးကျောင်းများ အိမ်ထောင်စုစာရင်း မရှိသေးဘဲ လူနေထိုင်လျက်ရှိသည့် နေအိမ်များကိုလည်း တိုးချဲ့ပေးရန် စီစဉ်ထားကြောင်းသိရပါတယ်။
အဆိုပါ နှုန်းထားများသည် မီတာယူနစ်ခအားလုံးကို ဖယ်ရှားတာမျိုးမဟုတ်ဘဲ လစဉ်ဝန်ဆောင်ခနှင့် (၇)ရာခိုင်နှုန်း တန်ဖိုးမြှင့်အခွန် (VAT) များ ပါဝင်ခြင်းမရှိသေးဘူးလို့ဆိုကာ လျှပ်စစ်ဈေးကွက်အတွင်း ကုန်ကျစရိတ်များကို ပိုမိုရှင်းလင်းစွာ ခွဲခြားသတ်မှတ်ရန်နှင့် အိမ်သုံးလျှပ်စစ်ခများကို လျှော့ချရန် ဆောင်ရွက်ခြင်းသာဖြစ်တယ်လို့သိရပါတယ်။

