၂၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မြို့ လေယာဉ်ကွင်းအနီး ဝမ်ဟောင်ရပ်ကွက်မှာ သြဂုတ်(၂၂)ရက်နေ့ ညနေခင်း (၆)နာရီခန့်က မိဘ(၂)ဦး စကားများနေချိန် အသက်(၂)အရွယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးသွားတယ်လို့ သိရှိရပါတယ်။
“ကလေးမိဘတွေ ရန်ဖြစ်နေတုန်း ခိုးခံလိုက်ရတာ။ အခုထိ လိုက်ရှာလို့မတွေ့သေးဘူး”လို့ ပျောက်ဆုံးနေတဲ့ ကလေးမိသားစုဝင်တစ်ဦးက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ ကလေးငယ်မှာ အသက်(၂)နှစ်နှင့် (၃)လအရွယ်သာရှိသေးပြီး ကလေးကိုတွေ့ရှိပါက 09898961486 ဖုန်းနံပါတ်ကို ဆက်သွယ်အကြောင်းကြားပေးရန် တောင်းဆိုထားပါတယ်။

