၁၁ ဩဂုတ်လ ၂၀၂၆(Eastern ThanLwin)
ဇင်ကြီး
ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ဒူးရင်းသီးတင်ပို့မှု တန်ချိန် (၁.၁၁) သန်းကျော် ရှိလာပြီး ယမန်နှစ် တစ်နှစ်လုံးတင်ပို့ခဲ့တဲ့ ပမာဏထက် ကျော်လွန်တင်ပို့နိုင်ခဲ့တာဖြစ်ပြီး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်း၊ ဒေသတွင်းပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခြင်းများကြောင့် တင်မို့မှု ပိုမိုတိုးတက်လာတယ်လို့ သိရှိရပါတယ်။
ဒုတိယဝန်ကြီးချုပ်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီဆူသမ်ဖွန်တို့ ပြောကြားချက်အရ ဇန်နဝါရီ (၁)ရက်မှ ဩဂုတ် (၄)ရက်အထိ ထိုင်းနိုင်ငံရဲ့ ဒူးရင်းသီးတန်ချိန် (၁၁၁၀၆၅၅.၉၂) ကို ကွန်တိန်နာ (၆၈၀၄၄) လုံးဖြင့် တင်ပို့ခဲ့ပြီး တစ်နှစ်အတွင်းဝင်ငွေ ဘတ် (၁၂၇) ဘီလီယံကျော်ရရှိတယ်လို့ ပြောဆိုထားပြီး တင်ပို့မှု တိုးတက်လာရတဲ့ အကြောင်းရင်းကတော့ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကို ရိုးရှင်းလွယ်ကူအောင် ဆောင်ရွက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး စနစ်များကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ဒူရင်းသီးကို ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်ဝယ်လိုအား ပိုမိုများပြားလာတဲ့အပေါ် ထုတ်လုပ်သူများအနေဖြင့် ဈေးကွက်သေချာမရှိဘဲ ထုတ်ကုန်များ ထုတ်လုပ်ခြင်းထက် ဈေးကွက်လိုအပ်ချက်အပေါ် အခြေခံပြီး ဒူးရင်းသီး တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးရန်နှင့် ဒူးရင်းသီးအခွံများကိုလည်း အော်ဂဲနစ်မြေဩဇာအဖြစ် ပြန်လည်အသုံးပြုကာ စွန့်ပစ်ပစ္စည်း လျှော့ချရန် ဆောင်ရွက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဝန်ကြီးဆူဖာဂျီက ထိုင်းနိုင်ငံတောင်ပိုင်းမှ ဒူးရင်းသီးထွက်ရှိမှု (၇၀)မှ (၈၀) ရာခိုင်နှုန်းခန့်သည် ဈေးကွက် အတွင်းသို့ ရောက်ရှိနေပြီ ရေရှည်အတွက်လည်း ဈေးကွက်လိုအပ်ချက်အပေါ် အခြေခံတဲ့ထုတ်လုပ်မှုစနစ်များ၊ တစ်ရာသီ သစ်သီးထွက်ရှိနှုန်း အချိန်အဆများကို တန်ဖိုးမြှင့်ထုတ်လုပ်ရေးနှင့် ပိုလျှံထွက်ကုန်များကို ထိရောက်စွာ အသုံးချခြင်းတို့ဖြင့် စနစ်တစ်ခုလုံးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

