Language:

အူးဖူဒေ့ကျေးရွာမှာကျင်းပတဲ့ အာခါရိုးရာ ဒန်းစီးပွဲတော်ကို ဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအပါအဝင် ဒေသဆိုင်ရာအာဏာပိုင်များ တက်ရောက်


အူးဖူဒေ့ကျေးရွာမှာကျင်းပတဲ့ အာခါရိုးရာ ဒန်းစီးပွဲတော်ကို ဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအပါအဝင် ဒေသဆိုင်ရာအာဏာပိုင်များ တက်ရောက်

၉ ဇူလိုင် ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းဆက်မြို့နယ်မှာရှိတဲ့ အူးဖူဒေ့ကျေးရွာမှာ သြဂုတ် (၉)ရက်နေ့က ကျင်းပတဲ့ အာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော်ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အပါအဝင် တြိဂံတိုင်းမှူးနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌ ဒုဥက္ကဌအပါအဝင် ဒေသဆိုင်ရာအာဏာပိုင်များ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အာခါ တိုင်းရင်းသားတွေရဲ့ စုပေါင်းဒန်းစီးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ (၁၆)ကြိမ်မြောက် ကျင်းပခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

စုပေါင်းဒန်းစီးပွဲကို ၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ကျင်းပရခြင်းရည်ရွယ်ချက်က စည်းလုံးညီညွတ်ခြင်းကို ပြသတဲ့အနေနဲ့ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

စုပေါင်းဒန်းစီးပွဲ ကျင်းပတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက “ဒေသဆိုင်ရာအာဏာပိုင်တွေ တက်ရောက်ပေးလို့လည်း ကျွန်တော်တို့ အာခါလူမျိုးတွေအတွက် ပိုဝမ်းသားအားရတယ်။ အာခါရိုးရာ ဒန်းစီးပွဲယဉ်ကျေးမှုကို လူအများ သိစေချင်တာရယ်၊ တိုင်းရင်းသားအချင်းချင်း ဆက်လက်စည်လုံးညီညွတ်မှု ရှိစေဖို့အတွက် ရည်ရွယ်ပါတယ်”လို့ အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

အာခါရိုးရာ ဒန်းစီးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး တစ်နှစ်ကို ၄ ရက်တိုင်တိုင် ကျင်းပြကာ ယခုနှစ်နဲ့ဆိုရင် ၁၆ နှစ်တိုင်ရှိခဲ့တယ်လို့ သိရှိရပါတယ်။

#ရှမ်းပြည်နယ်

#မိုင်းဆက်

#အူးဖူဒေ့ကျေးရွာ

#ဒန်းစီး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin