Language:

အခက်အခဲတွေကြားက အားကစားအိပ်မက်


အခက်အခဲတွေကြားက အားကစားအိပ်မက်

တာချီလိတ်မြို့က လူငယ်မိန်းကလေးနှစ်ဦး။ တစ်ဦးက ကရာတေး၊ တစ်ဦးက တိုက်ကွမ်ဒို။ အားကစားနည်းမတူကြပေမယ့် သူတို့နှစ်ဦးစလုံးမှာ တူညီတဲ့ ရည်မှန်းချက်တစ်ခု ရှိနေပါတယ်။

အဲဒါကတော့ ကိုယ်ရွေးချယ်ထားတဲ့ အားကစားနည်းမှာ ထူးချွန်အောင် ကြိုးစားပြီး တစ်နေ့မှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားတွေ ဖြစ်လာဖို့ပါ။

မိန်းခလေးငယ် မဝါဝါဝင်းနဲ့ မီဖျော့တို့ဟာ ပညာရေး၊ အလုပ်အကိုင်နဲ့ အားကစားလေ့ကျင့်မှုတွေကို တစ်ပြိုင်နက်တည်း ကြိုးစားလုပ်ဆောင်နေကြသူတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ အားကစားခရီးလမ်းမှာ လေ့ကျင့်ရေးအထောက်အပံ့ မလုံလောက်မှု၊ အခွင့်အလမ်းဆိုင်ရာ အခက်အခဲတွေနဲ့ ကိုယ်ပိုင်ဘဝအတွက် ရုန်းကန်ရမှုတွေ ရှိနေပါတယ်။

ဒီ Documentary မှာတော့ သူတို့နှစ်ဦးရဲ့ အားကစားခရီးလမ်း၊ အတွေ့အကြုံ၊ စိန်ခေါ်မှုတွေနဲ့ အနာဂတ်အိပ်မက်တွေကို လေ့လာတင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ

Eastern Thanlwin