၂ နိုဝင်ဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းရှေ့ တာချီလိတ်မြို့မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ အောက်တိုဘာလအတွင်း မော်တော်ဆိုင်ကယ်နဲ့မော်တော်ယာဉ် မတော်တဆမှု (၂၆) ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၄)ဦးရှိခဲ့တယ်လို့ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
အဆိုပါမှတ်တမ်းတွေထဲမှာ (၁၀)လအတွင်း ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ( ၂၄)ဦးထဲမှာ အမျိုးသား (၂၀)ဦးနဲ့ အမျိုးသမီး(၄)ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရှိသူ (၁၂)ဦး ရှိခဲ့ကြောင်း သိရပါတယ်။
“ စက်တင်ဘာလထဲမှာ အမှုဖွင့်ထားတာမရှိပါဘူး၊ အောက်တိုဘာလထဲမှာ အမှုဖွင့်ထားတာ (၂)မှုပဲရှိတယ်လို့” တာချီလိတ်ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အောက်တိုဘာလအတွင်း အမှုဖွင့်ထားတဲ့ ယာဉ်မတော်တဆမှုမှာ ဝမ်လုံကျေးရွာအုပ်စုမှာ ကွန်ကရစ်ရေမြောင်းထဲ ထိုးကျပြီး ကားတိမ်းမှောက်မှု နဲ့ ဂေါက်ကွင်းသွားလမ်း၊ ရွှေမြန်မာ ဟိုတယ်ရှေ့ လမ်းဆုံမှာ ဆိုင်ကယ်နှစ်စီးတိုက်တဲ့ (၂)ခုသာရှိကြောင်းယာဥ်ထိန်းရဲတပ်ဖွဲ့ကဆိုပါတယ်။
တာချီလိတ်မြို့မှာ ၂၀၂၆ ခုနှစ် (၁၀)လအတွင်း ဖြစ်ပွားခဲ့တဲ့ ယာဥ်မတော်တဆမှုတွေနဲ့ပတ်သတ်ပြီး တရားခံ အမျိုးသား (၂၅)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၂၇)ဦးကို အရေးယူဆောင်ရွက်ထားကြောင်း တာချီလိတ် အမှတ်(၁၂၁)ယာဥ်ထိန်းရဲတပ်ဖွဲ့မှတ်တမ်းတွေအရသိရပါတယ်။
#(၁၀)လအတွင်း
#ယာဉ်မတော်တဆမှု(၂၆)ကြိမ်
#လူ(၂၄)ဦး

