တာချီလိတ် ညပိုင်းမိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့ပေမယ့် ရေပြန်ကျနေ


တာချီလိတ် ညပိုင်းမိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့ပေမယ့် ရေပြန်ကျနေ

၃၁ ဇူလိုင် ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မှာ ဇူလိုင်(၃၀)ရက်နေ့ ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရများ ကျဆင်းလာပြီး မယ်ဆိုင်ချောင်းရေရဲ့ စိုးရိမ်အမှတ်အထက် မြင့်တက်ခဲ့ပေမယ့် လက်ရှိမှာ တဖြည်းဖြည်းရေပြန်ကျနေပြီလို့ သိရှိရပါတယ်။

တာချီလိတ်မြို့မှာ ပုန်းထုန်ဇလဗေဒ တိုင်းထွာချက်များအရ နံနက်ခင်း (၉)နာရီခန့်မှာ မယ်ဆိုင်ချောင်းရေရဲ့ စိုးရိမ်ရေအမှတ်(၄၄၄)အထိ မြင့်တက်ခဲ့ပေမယ့် ယခုလက်ရှိ ဇူလိုင်(၃၁)ရက် နေ့လည် (၁၁)နာရီအချိန်မှာတော့ စိုးရိမ်ရေအမှတ်(၃၉၂)စင်တင်မီတာအထိ ကျဆင်းသွားတဲ့အတွက် မြို့တွင်းရေကျဆင်းနေပြီလို့ သိရှိရပါတယ်။

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့ နှင့် ဗိုလ်ချုပ်လမ်းမများပေါ်က ပုံလို့လမ်းဆုံအနီး ရေများဝင်ရောက်မှုများ ရှိခဲ့တဲ့အတွက် မြို့တွင်းသွားလာရေးမှာ လမ်းပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရတယ်လို့ သိရှိရပါတယ်။

ရှမ်းပြည်နယ်တဝှမ်း မိုးရွာသွန်းမှုများ ရှိနေနိုင်သေးတဲ့အတွက် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် တောင်ပြိုမှုများ၊ မြစ်ရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ပါရန် သက်ဆိုင်ရာအာဏာပိုင်တွေက သတိပေးနှိုးဆော်ထားပါတယ်။

တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေများ မြင့်တက်လာပြီး အမှိုက်များ မျောပါလာမှုကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးပြီး စက်ယန္တရားများနဲ့ အမှိုက်များ၊ သစ်ခြောက်သစ်ကိုင်းများ ဆယ်ယူလျက်ရှိပါတယ်။

#မိုးလေဝသ

#သဘာဝဘေး

#မယ်ဆိုင်ချောင်း

#ပုန်းထွန်ဇလဗေဒ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin