ကျိုင်းတုံ–တာချီလိတ်လမ်းပေါ်က မိုင်းဖြတ် ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ပိတ်သိမ်းရန် အစီအစဉ်မရှိ
၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ရှိ ကျိုင်းတုံ–တာချီလိတ်လမ်းပေါ်က တိုးချဲ့ပူးပေါင်းစစ်ဆေးရေးဂိတ်ကို လတ်တလော ပိတ်သိမ်းရန် အစီအစဉ်မရှိဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက ပြောဆိုလိုက်ပါတယ်။ မိုင်းဖြတ်မြို့နယ်ရှိ တိုးချဲ့ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ်အား ပြန်လည်ဖြေလျော့ပေးစေခြင်းအားဖြင့် ပြည်သူလူထုများရဲ့ ဝန်ဆောင်မှု လုပ်ငန်းများ လျင်လျင်မြန်မြန် တိုးတက်လာစေခြင်း ကြီးမားသော ဝန်ထုပ်ဝန်ပိုးများကို ဖြေလျော့စေခြင်း ကုန်စျေးနှုန်းမြင့်မားလာမှု ထိန်းသိမ်းပေးစေခြင်း အချိန်မရွေးလွယ်ကူစွာ သွားလာအဆင်ပြေလာစေခြင်းနဲ့ လူနေမှုဘဝ စီးပွားရေး ဘဝ ပိုမိုဖွံဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် ထိုစစ်ဆေးရေးဂိတ်အား ဖြေလျှော့ပေးရန် ရှိ/မရှိ မိုင်းဖြတ်မြို့နယ် ကိုစားလှယ်အမှတ်(၁) ဦးညွန့်ဝင်းက ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့တာဖြစ်ပါတယ်။

