Language:


ရန်ကုန်မြို့လယ်မှာ သက်ကြီးပိုင်း အမျိုးသား တစ်ဦး အပူဒဏ်ကြောင့် လဲကျ သေဆုံး

၁၂ အောက်တိုဘာ ၂၀၂၆ ( Eastern ThanLwin)

ဖိုးစည်

ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက သက်ကြီးပိုင်း အမျိုးသားတစ်ဦး အပူဒဏ်ကြောင့် လဲကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတို့ဆီက သိရပါတယ်။ ဒီကနေ့ အောက်တိုဘာ (၁၂) ရက်၊ နေ့လယ် (၁၁) နာရီခွဲဝန်းကျင်က အသက် (၆၀) ဝန်းကျင် အမျိုးသားတစ်ဦး အပူဒဏ်ကြောင့် မူးလဲကျနေကြောင်း အနီးပတ်ဝန်းကျင်ရှိသူများက ကျောက်တံတားမြို့နယ် အရန်မီးသတ်ကို သတင်းပေးခဲ့တာလို့ ဆိုပါတယ်။ “သေဆုံးတဲ့သူက (၅၀) ကျော်၊ (၆၀) လောက်ဖြစ်မယ်။ ဦးနှောက်သွေးကြောပြတ်တာနဲ့ တူတယ်။ လဲကျသွားတာတွေ့လို အရန်မီးသတ်ကို အကြောင်းကြားတာ။ ဟိုက ရောက်လာတော့ သေနေပြီ” လို့ ‌ ရန်ကုန်မြိုလယ် (၃၄လမ်းတွင် နေထိုင်သူတစ်ဦးက အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။ ကျောက်တံတား အရန်မီးသတ်တပ်ဖွဲအနေနဲ့ သေဆုံးသူ အမျိုးသားရဲ့ မိသားစုဝင်တွေထံကို ဆက်သွယ်အကြောင်း ကြားပြီး ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပိုဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ယခုနှစ်အတွင်း စူပါအယ်နီညိုလ် ရာသီဥတုဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေ အဆမတန်မြင့်တက်နိုင်ပြီး လူထောင်ချီ သေဆုံးနိုင်တယ်လို့ ပညာရှင်တွေက ထုတ်ပြန်သတိပေးထားပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ နေ့လယ်နေ့ခင်း အပြင်မထွက်ကြဖို့နဲ့ အပူဒဏ်ကို ကာကွယ်ကြဖိုလည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Eastern Thanlwin