Language:

ရိုင် ဒ/န စုံစမ်းမှုနဲ့ ဆိုင်ကယ် သူခိုးတစ်ဦး ထပ်မံဖမ်းဆီးရမိ


ရိုင် ဒ/န စုံစမ်းမှုနဲ့ ဆိုင်ကယ် သူခိုးတစ်ဦး ထပ်မံဖမ်းဆီးရမိ

၁၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တာချီလိတ်ခရိုင် ဒုစရိုက်နှိမ်နင်းရေးက ခိုးမှုကျူးလွန်သူတွေ လိုက်လံစုံစမ်းရာမှာ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည်ပိုင်းက တာဝေမီးစက်လမ်းဆုံအနီး မသင်္ကာသူတစ်ဦး စစ်ဆေးရာ ခိုးမှုပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။

ခိုးမှုကျူးလွန်သူမှာ ဇေညီညီထွန်း(ခ)ဇေထွန်း အသက် (၂၂)နှစ်ဖြစ်ပြီး ခိုးယူလာပြီး နံပါတ်မတပ်ဆင်ဘဲ စီးနင်လာတဲ့ ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၈)ရက်နေ့ကလည်း ခိုးမှုကျူးလွန်သူတစ်ဦး ဖမ်းဆီးရမိခဲ့ပြီး လက်ရှိမှာ ဆိုင်ကယ်ခိုးမှုနဲ့ ကားဘတ်မှန်ခိုးယူမှုတွေကို ကျူးလွန်သူတွေနဲ့ ပတ်သက်ပြီးနောက်ဆက်တွဲ အမှုဖေါ်ထုတ်ဖမ်းဆီးလျက်ရှိတယ်လို့လည်း ခရိုင်ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့က သိရပါတယ်။

တာချီလိတ်မှာ ဆိုင်ကယ်ခိုးမှု၊ အိမ်ဖေါက်ထွင်းမှုနဲ့ ကားဘက်မှန်အပါအဝင် ကားအပိုပစ္စည်းဖြုတ်ခိုးမှုတွေဟာ နေ့စဉ်နီးပါးဖြစ်ပွားနေတာဖြစ်ပြီး ခိုးမှုကျူးလွန်သူ အများစုမှာ မြို့ပြင်မှ ဝင်ရောက်လာပြီး မြို့တွင်းမှာခိုးယူကာ သူခိုးလက်ခံတွေဆီ ပြန်လည်ရောင်းချကာ ဆိုင်ကယ်ကို တစစီဖြုတ်ပြီး ပြည်တွင်းပြန်ပို့နေတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

#ခိုးမှု

#ဆိုင်ကယ်သူခိုး

#ခရိုင်ဒ/န

#ရဲတပ်ဖွဲ့

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin