Language:

တို့ဆေးတို့ပြီး ငွေသားယူဆောင်မှုများ တာချီလိတ်မှာ ဖြစ်ပေါ်နေကြောင်း ဒေသခံများပြော


တို့ဆေးတို့ပြီး ငွေသားယူဆောင်မှုများ တာချီလိတ်မှာ ဖြစ်ပေါ်နေကြောင်း ဒေသခံများပြော

၂ ရက် စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့မှာ လူသူထူထပ်တဲ့ပွဲစျေးတွေမှာ စျေးဝယ်လည်ပတ်သူအချို့ တို့ဆေးတို့ခံရပြီး ငွေသားများယူဆောင်ခံရမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။

စက်တင်ဘာလ (၃၀)ရက်နေ့က တာချီလိတ်မြို့မယ်ခေါင်ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ ဝေသန္တရာရွက်ဖတ်ပွဲမှာ ပွဲစျေးလည်နေသူ အမျိုးသမီးတစ်ဦး တို့ဆေးတို့ခံရပြီး ထိုင်းဘတ်ငွေသားအချို့ ယူဆောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။

“သူတို့က တစ်ကယ်တို့ခံရတယ်လို့အမကိုပြောတာပဲ ပိုက်ဆံ (၈) ထောင်ကျော်ပါသွားတာတဲ့ ပွဲသွားလည်ရင်းနဲ့ သူ့ကိုထိလိုက်တာတော့သိတယ်၊ အဲ့ဒီလူနောက်ကိုပါသွားတယ်လို့ပြောတယ်။ ပြန်သတိရလာတော့ ပိုက်ဆံလက်ထဲမှာ မရှိတော့ဘူး”လို့ တို့ဆေးအတို့ခံရသူ အမျိုးသမီးရဲ့ သူငယ်ချင်းက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

ယခင်ကလည်း တို့ဆေးတို့ခံရပြီး ထိုင်းဘတ်ငွေ(၈၀၀၀)‌ကျော်ပါသွားတဲ့ ထိုအမျိုးရဲ့ သူငယ်ချင်းဖြစ်သူလည်း တို့ဆေးတို့ခံရပြီး ထိုင်းဘတ်ငွေ(၁၀၀၀)ကျော်ပါသွားတယ်လို့လည်း ဆိုပါတယ်။

“အဲ့ဒါ လိမ်တာ။ ဘာလို့လဲဆိုရင် ကျွန်တော်တို့အိမ်ရှေ့က အစ်မကြီးတစ်ယောက်ဆိုရင် ကျွန်တော့်ရှေ့မှာ သူ့ရွှေတွေကို အပေါင်ဆိုင်သွားပေါင်ပြီး သူ့အိမ်ကိုတော့ တို့ဆေးနဲ့ တို့ခံရတယ်လို့ ပြောတာ။ တချို့လူတွေက အကြွေးကိစ္စ၊ လောင်းကစားကိစ္စတွေ မရှင်းနိုင်လို့ရှိရင် သူတို့အိမ်ကို အဲ့ဒီလိုမျိုးလိမ်ကြတယ်”လို့ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မျက်မြင် ကြုံတွေ့ခဲ့ဖူးသူတစ်ဦးက ပြောသည်။

လွန်ခဲ့တဲ့ ၅ ကျော်ခန့်ကလည်း ဝမ်ကောင်းစျေးအတွင်းမှာ အမျိုးသမီးတစ်ဦး တို့ဆေးတို့ခံလိုက်ရတာကြောင့် တို့ဆေးတို့တဲ့သူနောက်ကိုလိုက်သွားပြီး သူ့သူငယ်ချင်းတစ်ဦးက သူ့ကိုတွေ့လို့ပုတ်လိုက်တာကြောင့် ချက်ချင်းပြန်သတိလည်လာလို့ ဘာမှမပါသွားလို့ စျေးအတွင်းမှာ စျေးရောင်းချနေသူ တစ်ဦးကပြောပါတယ်။

တို့ဆေးနဲ့ပတ်သတ်ပြီး ဆရာဝန်ကိုမေးမြန်းရာမှာ “ဆေးပညာမှာတော့ “တို့ဆေး” ဆိုတာ မရှိဘူးလို့” ကျန်းမာရေးဦးစီးဌာနက အထူးကုသမားတော် ဒေါက်တာပြည့်စုံက အရှေ့သံလွင် မီဒီယာကိုပြောပါတယ်။

#မှုခင်း

#တို့ဆေး

#ဘုန်းကြီးကျောင်းပွဲ

#ပွဲဈေးလည်သူ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin