Language:

မော်လမြိုင်နဲ့ ကျိုက်ထိုမှာ ၂ ရက်အတွင်း နေအိမ်မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား


မော်လမြိုင်နဲ့ ကျိုက်ထိုမှာ ၂ ရက်အတွင်း နေအိမ်မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား

၂၃ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

TNA

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နဲ့ ကျိုက်ထိုမြို့တို့မှာ ၂ ရက်အတွင်း နေအိမ် မီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနတို့ထံက သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို၊ ကော့ထင်းကျေးရွာမှာ ယမန်နေ့ အောက်တိုဘာ (၂၂)ရက်၊ ည (၁၁)နာရီ (၁၅)မိနစ်အချိန်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျိုက်ထိုမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ မီးသတ်တပ်ဖွဲဝင်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည (၁၁)နာရီ (၂၇)မိနစ်အချိန်ခန့်မှာ မီးငြိမ်းခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက်၊ မေတ္တာလမ်းမှာ ယနေ့ အောက်တိုဘာ (၂၃) ရက်၊ နေ့လယ် (၁၁)နာရီ (၃၈) မိနစ်အချိန်မှာလည်း မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ထို့ကြောင့် မော်လမြိုင်မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များနှင့် သက်ဆိုင်ရာအဖွဲအစည်းတွေနဲ့ ပူးပေါင်းပြီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၁၁)နာရီ (၄၈)မိနစ်အချိန်မှာတော့ မီးငြိမ်းခဲ့ပါတယ်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မီးသတ်တပ်ဖွဲ့က လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

#မော်လမြိုင်မြို့

#ကျိုက်ထိုမြို့

#နေအိမ်မီးလောင်မှု

ဆက်စပ်သတင်းများ

Eastern Thanlwin