၁၁ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မိုင်းဇင်းရွာအနီးမှာရှိတဲ့ ချောင်းထဲမှာ အိမ်ခြေမဲ့ အမျိုးသားတစ်ဦး ရေနှစ်သေဆုံးနေရာ ဒေသခံ တိုင်းနေနာရေးကူညီမှုအသင်းက သုဿန်သို့ ပိုဆောင်ကာ မီးသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
ယနေ့ စက်တင်ဘာ(၁၁) ရက် နံနက် ၁၁ နာရီခွဲခန့်က အမျိုးသားတစ်ဦး ရေနှစ်သေဆုံးနေတယ်လို့ ဒေသခံတွေ သတင်းပေးပို့မှုအရ တိုင်းနေနာရေးကူညီမှုအသင်းသားတွေက ဖြစ်စဥ်နေရာကို သွားရောက်ခဲ့ကြတာပါ။
“အသက် ၅၀ ကျော် ၆၀ နီးပါးတော့ရှိတယ်။ ဆွေမျိုးသားချင်းမရှိ၊ အိမ်ခြေယာမဲ့ဖြစ်တယ်။ အုပ်ချုပ်ရေးမှူးပြောတာကတော့ အိမ်ခြေယာမဲ့ဖြစ်တယ်”လို့ တိုင်းနေနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
အဆိုပါ ရေနစ်သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းမှာ ပိုင်ရှင်မဲ့အလောင်းဖြစ်ပြီး သုဿန်သို့ ပိုဆောင်ခဲ့ကာ မီးသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

