Language:

ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို အောက်တိုဘာ (၅) ရက်မှာ ပြန်လည်ကျင်းပမယ်


ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို အောက်တိုဘာ (၅) ရက်မှာ ပြန်လည်ကျင်းပမယ်

၁၁ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၏ စတုတ္ထပုံမှန်အစည်းအဝေးကို လာမယ့် အောက်တိုဘာ (၅) ရက်မှာ ပြန်လည်ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်လွှတ်တော် တာဝန်ရှိသူတွေက သတင်းထုတ်ပြန် အသိပေးထားပါတယ်။

လွှတ်တော်ရုံးရဲ့ ထုတ်ပြန်အသိပေးချက်အရ တော်သလင်းလပြည့်‌ကျော် (၉) ရက်၊ အောက်တိုဘာ (၅) ရက်၊ တနင်္လာနေ့ နံနက် (၁၀) နာရီမှာ တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်ရဲ့ စတုတ္ထပုံမှန်အစည်းအဝေးကို ပြန်လည် ကျင်းပမယ်လို့ ဆိုပါတယ်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ရဲ့ တတိယပုံမှန်အစည်းအဝေးကို ဩဂုတ်(၂၀)ရက်က အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီး လက်ရှိမှာ လွှတ်တော်အစည်းအဝေးများ ရပ်နားထားတာ ဖြစ်ပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ တတိယပုံမှန်အစည်းအဝေးမှာ ဥပဒေ (၁) ခု ပြင်ဆင် ပြဋ္ဌာန်းခြင်း၊ အဆို(၁)ခု ဆွေးနွေးအတည်ပြုခြင်းနဲ့ ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၈၈)ခုအား ဆွေးနွေးမေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွှတ်တော်အစည်းအဝေး ကျင်းပနေမှုကိုလည်း ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၄၈) ဦး လာရောက်လေ့လာခဲ့ကြတယ်လို ပြည်နယ်လွှတ်တော်ရုံးက ကြေညာထားပါတယ်။

#ရှမ်းပြည်နယ်လွှတ်တော်

#စတုတ္ထပုံမှန်အစည်းအဝေး

#အောက်တိုဘာ(၅)ရက်မှာ

#ပြန်လည်ကျင်းပမယ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin