Language:

ရှမ်းအရှေ့ပိုင်း မယ်ဆိုင်ချောင်းဖျား တောင်ပေါ်မိုးသည်းထန်တဲ့အတွက် တာချီလိတ်မြို့မှာ ရေဘေးသတိထားရန်လိုအပ်နေဟု ‌ဒေသခံတို့ဆို


ရှမ်းအရှေ့ပိုင်း မယ်ဆိုင်ချောင်းဖျား တောင်ပေါ်မိုးသည်းထန်တဲ့အတွက် တာချီလိတ်မြို့မှာ ရေဘေးသတိထားရန်လိုအပ်နေဟု ‌ဒေသခံတို့ဆို

၁၀ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မယ်ဆိုင်ချောင်းဖျား တောင်ပေါ်တွေမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် တာချီလိတ်မြို့မှာ ရေဘေးအန္တရာယ် သတိထားဖို့လိုအပ်နေပြီလို့ ‌ဒေသခံတို့က ပြောဆိုနေကြတာဖြစ်ပါတယ်။

လက်ရှိမှာ မယ်ဆိုင်ချောင်းရေ အနည်းငယ် စိုးရိမ်အမှတ်(၄၀)စင်တီမီတာရှိနေပြီး တာချီလိတ်မြို့တွင်းက ရပ်ကွက်အချို့ ရေအနည်းငယ် ဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။

“ချောင်းရေတော့ အနည်းငယ်တက်လာပြီ တောင်ပေါ်မှာလဲ မနက်ကတည်းက မိုးရွာနေတာ၊ သတိထားဖို့ လိုတယ်”လို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း နေထိုင်သူ ‌ဒေသခံ တစ်ဦးက ပြောပါတယ်။

တောင်ပေါ် လွယ်တော်ခမ်းကျေးရွာအုပ်စု စက်တင်ဘာ (၁၀)ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းနေရာ မကြာမီ တောင်ကျရေများ ကျဆင်းလာမှာဖြစ်တဲ့အတွက် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှာကို ဒေသခံတွေအနေနဲ့ သတိထားရန် လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် တာချီလိတ်မြို့မှာ ရပ်ကွက်အချို့ ရေဝင်ရောက်ခဲ့ပြီး ကျောင်းအချို့ ပိတ်ခဲ့ရကာ ဗိုလ်ချုပ်လမ်မကြီးကို ပိတ်ဆို့ခဲ့ရတာလဲ ‌ဒေသခံတို့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

#သဘာဝဘေး

#မယ်ဆိုင်ချောင်းရေ

#ရေဘေးအန္တရာယ်

#ကြိုတင်သတိပေး

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin