Language:

အိမ်ခြံမြေ အခွန်စည်းကြပ်စံနှုန်းများကို မြေပြင်ပေါက်စျေးနဲ့အညီ ပြန်လည်သတ်မှတ်မည်


အိမ်ခြံမြေ အခွန်စည်းကြပ်စံနှုန်းများကို မြေပြင်ပေါက်စျေးနဲ့အညီ ပြန်လည်သတ်မှတ်မည်

၂၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရန်ကုန်မှာ အိမ်ခြံမြေအခွန်စည်းကြပ်စံနှုန်းများမှာ လက်ရှိမြေပြင်ပေါက်စျေးနဲ့ ကွာဟနေလို့ နှုန်းထားအသစ် ပြန်လည်သတ်မှတ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

အဆောက်အအုံ ရောင်းဝယ်၊ တည်ဆောက်ခြင်းအတွက် အခွန်စည်းကြပ် စံနှုန်းများမှာ လက်ရှိမြေပြင်ကာလပေါက်ဈေးနှင့်အညီ ပြင်ဆင်ဖို့ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို သြဂုတ် (၂၀)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးမောင်မျိုးက အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်းများ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ရှိခေတ်ကာလပေါက်စျေးများကို ပြန်လည်စစ်တမ်းကောက်ယူရန်၊ အိမ်ခြံမြေလုပ်ငန်းရှင်တွေနဲ့ အသေးစိတ်ပြန်လည်ညှိုနှိုင်းမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း၄င်းကပြောပါတယ်။

လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေရောင်းဝယ်ရာမှာ ပေးဆောင်ရတဲ့ ဝင်ငွေခွန်နှုန်းထားတွေကို ယခင်နှုန်းထားအတိုင်း ဆက်လက်ကောက်ခံမယ်လို့ ၂၀၂၆ ပြည်ထောင်စုအခွန်အကောက်ဥပဒေမှာတော့ ဖော်ပြထားပါတယ်။

အဓိကအားဖြင့် အိမ်ခြံမြေ ရောင်းဝယ်တဲ့အခါ အခွန်တွက်တဲ့တန်ဖိုးနဲ့ တကယ့်ဈေးကွက်ပေါက်ဈေးကြား ကွာဟမှုကို လျှော့ချပြီး အခွန်စည်းကြပ်မှုကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြန်လည်သတ်မှတ်ဖို့ လိုအပ်တယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေကဆိုပါတယ်။

ရန်ကုန်မှာ အိမ်ခြံမြေစျေးနှုန်းက အမြင့်ပိုင်းစျေးနဲ့ငြိမ်သက်နေပြီး အရောင်းအ၀ယ်ကနည်းပါးနေတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

တစ်ဖက်မှာလည်း ၂၀၂၆ အစပိုင်းမှာ ရန်ကုန်အိမ်ခြံမြေ ရောင်း/ဝယ်/ငှား ဈေးနှုန်းတွေ မြင့်တက်လာပြီး၊ ငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ ရွှေ၊ ဒေါ်လာဈေးမြင့်တက်မှုတွေကြောင့် အိမ်ခြံမြေဘက်ကို ရင်းနှီးမြှုပ်နှံမှု ပြောင်းရွှေ့လာတာက အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ အကျိုးဆောင်တွေကဆိုပါတယ်။

#အခွန်စည်းကြပ်နှုန်း

#အိမ်ခြံမြေ

#ဈေးကွက်

#အစိုးရအဖွဲ့

#ရန်ကုန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin