Language:

ပြည်တွင်းအခေါက်ရွှေစျေး (၁)ကျပ်သားကို (၁၀၂) သိန်းအထက်မြင့်တက်လာ


ပြည်တွင်းအခေါက်ရွှေစျေး (၁)ကျပ်သားကို (၁၀၂) သိန်းအထက်မြင့်တက်လာ

၂၁ သြဂုတ်လ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ကမ္ဘာ့ရွှေစျေး ဆက်တိုက်မြင့်တက်နေမှုကြောင့် သြဂုတ်လ (၂၁) ရက် ဒီနေ့ မနက်ပိုင်း ပြည်တွင်းအခေါက်ရွှေစျေးက (၁) ကျပ်သားကို (၁၀၂) သိန်းအထက် ရောက်ရှိလို့လာပါတယ်။

မနေ့က ဩဂုတ်လ (၂၀) ရက် ပြည်တွင်း အခေါက်ရွှေစျေးဟာသိန်း (၁၀၀) ကျော်ကို စတင်ရောက်ရှိလာတာဖြစ်ပြီး ဆက်လက်မြင့်တက်နိုင်မယ့်အလားအလာတွေရှိတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။

လက်ရှိ ရွှေစျေးကွက်မှာတော့ စနစ်ဟောင်း အခေါက်ရွှေ (၁) ကျပ်သားကို (၁၀၂) သိန်းနဲ့ ငါးသောင်းကို ကျော်လွန်လာပြီးး စနစ်သစ်ကတော့ (၁၀၁) သိန်းအထက်မှာ ရှိနေပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားသံတမန်ရေးရာ သတင်းတွေအပါအ၀င်၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အီရန်တို့၇ဲ့ တင်းမာမှုအခြေအနေတွေအရ ကမ္ဘာ့ရွှေစျေးကမြင့်တက်လာခြင်းဖြစ်တယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။

‌‌ဒေါ်လာစျေးနှုန်း အတက်အကျမတည်ငြိမ်ခြင်း အပါအ၀င် အိမ်ခြံမြေလုပ်ငန်းတွေအပေါ် သတ်မှတ်မယ့်အခွန်စနစ်နဲ့ အခြားသောသတင်းတချို့ကြောင့် ရင်းနှီးမြှုပ်နှံသူအများစုဟာ ရွှေလုပ်ငန်းဘက်ကို ဦးတည်လာတယ်လို့ ဆိုပါတယ်။

ဒီနေ့ သြဂုတ်လ (၂၁) ရက်နေ့ မနက်ပိုင်းမှာတော့ ပြင်ပဒေါ်လာစျေးတန်းကတော့ (၁) ဒေါ်လာကို (၄၃၈၀) ဝန်းကျင်မှာရှိနေပြီး အနည်းငယ်ကျဆင်းလျက်ရှိပါတယ်။

#ဈေးကွက်

#ရွှေဈေး

#အခေါက်ရွှေ

#ပြည်တွင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin