၂၁ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ထိုင်း – မြန်မာ နယ်စပ်က သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိလာတာကြောင့် မြဝတီမြို့က အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်နစ်မြုပ်တာတွေ ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မနေ့က ဩဂုတ်လ (၂၀)ရက် ညပိုင်းကစပြီး ရေတွေဝင်ရောက်လာတာကြောင့် မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ်(၁) ၊ အမှတ်(၂) ၊ အမှတ်(၃) နဲ့ အမှတ် (၅) ရပ်ကွက်က နေအိမ်တချို့ ရေဝင်နစ်မြုပ်လျက်ရှိနေတယ်လို့ မြို့ခံတစ်ဦးက အရှေ့သံလွင်ကိုပြောပါတယ်။
(၁) နဲ့ (၂) က အဆိုးဆုံးပေါ့။ သူတို့က နှစ်တိုင်းမြုပ်တာ။ သူက သောင်ရင်းမြစ်နဲ့ အနီးဆုံးနေရာတွေလေ။ ဘုရင့်နော င်လမ်းရဲ့ ဟိုဘက်တစ်ခြမ်းလုံးက နှစ်တိုင်းမြုပ်တာပဲ။ အခုလည်း ရေဆက်တက်ရင် အခြေအနေဆိုးနိုင်တယ် ။ ကယ်ဆယ်ရေးစခန်းတွေတော့ ဖွင့်ထားတယ် ။ လူ (၅၀၀) လော က်တော့ ရောက်နေပြီကြားတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။
လက်ရှိမှာ သောင်ရင်းမြစ်ရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေက အိမ်ခြေ (၁၀၀၀) လောက် ရေနစ်မြုပ်လျ က်ရှိပြီး ဒေသအာဏာပိုင်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက အရေးပေါ် ကူညီရွှေ့ပြောင်းတာတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ အမှတ်(၃) ရပ်ကွက် ဓိဌာန်အောင်စေတီဓမ္မာရုံ၊ အမှတ်(၄) ရပ်ကွက် က တောကရကျောင်း ဓမ္မာရုံတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပြီး မြဝတီမြို့ သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီက ဦးဆောင်ကာ လူမှုကယ်ဆယ်ရေး အသင်းများ၊ မီသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတ အသင်းများနဲ့ ရေဘေးကူညီကယ်ဆယ်ေရး လုပ်ငန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။

