Language:

ကျောင်းပြင်ပမူလတန်းနဲ့ အလယ်တန်းပညာရေး Placement Test ကို သြဂုတ်လ ၉ မှာ ဝင်ရောက်ဖြေဆိုနိုင်


ကျောင်းပြင်ပမူလတန်းနဲ့ အလယ်တန်းပညာရေး Placement Test ကို သြဂုတ်လ ၉ မှာ ဝင်ရောက်ဖြေဆိုနိုင်

၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

NPW

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေတဲ့ သက်လွန်ကျောင်းပြင်ပရောက် ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းပြင်ပမူလတန်းပညာရေး(NFPE) အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းနဲ့ ကျောင်းပြင်ပအလယ်တန်းပညာရေး (MFME) အသက် ၁၃ နှစ်မှ အသက် ၂၁ အတွင်းရှိသူတွေ ဝင်ရောက်ဖြေဆိုနိုင်မယ့် အတန်းနေရာချထားစစ်ဆေးမှု(Place ment Test)အထူးအစီအစဉ်ကို သြဂုတ်လ ၉ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။

ကျောင်းပြင်ပမူလတန်းပညာရေး(NFPE)နဲ့ ကျောင်းပြင်ပအလယ်တန်းပညာရေး (MFME) ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်း သူတွေအနေနဲ့ ပညာရေးဆိုင်ရာထောက်ခံချက် သို့မဟုတ် အရေးပေါ်အခြေနေကြေညာထားတဲ့ မြို့နယ်တွေက အမှန်တ ကယ်ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှုးရဲ့ ထောက်ခံချက်မူရင်း၊ အသက်ထောက်ခံချက်တွေနဲ့ မြို့ နယ်ပညာရေးမှုးရုံးတွေမှာ စာရင်းပေးသွင်းရမှာဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ပညာရေးမှုးက သတ်မှတ်ပေးတဲ့ နေရာတွေမှာ Placement Test ဖြေဆိုရမှာဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေမှာ Grade-1၊ Grade-2 နဲ့ Grade-3 ကို သင်ယူပြီးမြောက်ထားတဲ့ အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူတွေဟာ Placement Test ဖြေဆိုရမှာဖြစ်ပြီး အောင်မြင်ရင် ကျောင်းပြင်ပမူလတန်းပညာရေး Level-2 တက်ရောက်ရမှာဖြစ်ကာ အောင်မှတ်မရသူတွေနဲ့ ကျောင်းလုံးဝမနေဖူးသူတွေက Level-1 ကို တက်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းပြင်ပအလယ်တန်းပညာရေးကို ဝင်ရောက်ဖြေဆိုမယ့် အသက် ၁၃ နှစ်မှ ၂၁ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ အခြေခံပညာ Grade-5 အောင်မြင်ပြီးသူနဲ့ Grade-6 တက်ရောက်ပြီးသူတွေဟာ Placement Test ဖြေဆိုကာ NFME Level-1 တက်ရောက်ရမှာဖြစ်သလို Grade-6 အောင်မြင်ပြီးသူတွေနဲ့ Grade-7 တက်ရောက်ဖူးသူတွေအနေနဲ့လည်း Placement Test အောင်မြင်ရင် NFME Level-2 ကိုတက်ရောက်နိုင်ပြီး မအောင်မြင်ရင် NFME Level-1 ကိုတက် ရောက်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် Grade-7 နဲ့ Grade-8 အောင်မြင်ပြီးသူတွေ Grade-9 တက်ရောက်ဖူးသူတွေအနေနဲ့ Placement Test ဖြေဆို အောင်မြင်ရင် MFME level-3 တက်ရောက်နိုင်ပြီး မအောင်မြင်ရင် NFME Level-2 တက်ရောက်ရမည် ဖြစ်ပါတယ်။

နယ်မြေအေးချမ်းတဲ့ဒေသတွေက လာရောက်ဖြေဆိုမယ့် ကလေးတွေအတွက် မူလတက်ရောက်ခဲ့တဲ့ ပညာရေးဆိုင်ရာ အထောက်အထားတွေကို စိစစ်ပြီး Placement Test ဖြေဆိုခွင့်ပြုသွားမှာဖြစ်ပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ ဒေသတွေက ကလေးများဖြစ်ပါက ပညာရေးဆိုင်ရာ အထောက်အထားတွေ မပြည့်စုံနိုင်တဲ့ အခြေအနေမျိုးရှိနိုင်တဲ့အတွက်ကြောင့် ၎င်းဒေသမှာနေထိုင်ခဲ့တဲ့ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးတွေရဲ့ ထောက်ခံချက်၊ အဆိုပါဒေသရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးတွေရဲ့ ပညာရေးဆိုင်ရာထောက်ခံချက်နဲ့ ကျန်းမာရေးမှူးတွေရဲ့ အသက်ထောက်ခံချက်တွေနဲ့ Placement Test ကို ဖြေဆိုခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#ပညာရေး

#ကျောင်းပြင်ပ

#မူလတန်း

#အလယ်တန်း

#နေပြည်တော်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin