Language:

တနင်္သာရီမြစ်အတွင်း လှေ(၁)စီး မီးလောင်မှုဖြစ်ပွား ရေလုပ်သား (၁)ဦး မီးဟက်ဒဏ်ရာရ


တနင်္သာရီမြစ်အတွင်း လှေ(၁)စီး မီးလောင်မှုဖြစ်ပွား ရေလုပ်သား (၁)ဦး မီးဟက်ဒဏ်ရာရ

၁၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

TNA

တနင်္သာရီတိုင်းဒသကြီး၊ မြိတ်မြို့၊ ကျွန်းစုမြို့နယ်၊ ကဏန်းကျွန်းအနီး တနင်္သာရီမြစ်အတွင်း ယနေ့ နိုဝင်ဘာ (၁၃) ရက်၊ နံနက် (၈) နာရီ၊ မိနစ် (၃၀) အချိန်က လှေ(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရေလုပ်သား အမျိုးသား (၁)ဦး မီးဟက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်စခန်းက သိရပါတယ်။

တနင်္သာရီမြစ်အတွင်း လှေ(၁)စီး မီးလောင်မှုဖြစ်ပွားနေတဲ့ သတင်းအရ မြိတ်ခရိုင်မီးသတ်စခန်း မီးသတ်ယာဉ် (၆)စီး၊ လှေ(၃)စီး၊ အပေါ့စားစက်(၃)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့တာပါ။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ အချိန် (၁)နာရီ နီးပါး ငြှိမ်းသတ်ခဲ့ပြီးနောက် နံနက် (၉)နာရီ မိနစ် ( ၂၀) အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ရေလုပ်သား အမျိုးသား (၁)ဦး မီးဟက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#တနင်္သာရီမြစ်

#မီးလောင်မှု

#ရေလုပ်သား(၁)ဦး

#မီးဟက်ဒဏ်ရာရ

ဆက်စပ်သတင်းများ

Eastern Thanlwin