၁၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ယခု တစ်ပတ်အတွင်း သိသိသာသာကျဆင်းလာပြီး ရန်ကုန်မြို့မှာ 92 Ron ဓာတ်ဆီ တစ်လီတာကို ၄,၂၇၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၄,၃၈၀ ကျပ်အထိ ရှိလာတယ်လို့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေအရ သိရပါတယ်။
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၁၉ ရက်အထိ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းတွေအရ ရန်ကုန်မြို့မှာ 92 Ron တစ်လီတာ ၄,၂၇၀ ကျပ်၊ 95 Ron ၄,၃၁၅ ကျပ်၊ ရိုးရိုးဒီဇယ် ၄,၃၈၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅,၃၁၅ ကျပ် ရှိနေပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် 92 Ron တစ်လီတာကို ကျပ် ၂၆၀ အထိ ကျဆင်းခဲ့ပြီး 95 Ron က ၂၃၅ ကျပ်၊ ရိုးရိုးဒီဇယ်က ၁၇၅ ကျပ်နဲ့ ပရီမီယံဒီဇယ်က ၂၀၈ ကျပ် အသီးသီး ဈေးနှုန်းတွေ ကျဆင်းလာတာ ဖြစ်ပါတယ်။
မန္တလေးမြို့မှာတော့ 92 Ron တစ်လီတာ ၄,၄၂၅ ကျပ်၊ 95 Ron တစ်လီတာ ၄,၄၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄,၅၃၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၅,၄၇၀ ကျပ် ရှိနေပါတယ်။
နေပြည်တော်မှာလည်း 92 Ron တစ်လီတာ ၄,၃၇၅ ကျပ်၊ 95 Ron တစ်လီတာ ၄,၄၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄,၄၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၅,၄၂၀ ကျပ် အသီးသီး ပေါက်ဈေးရှိနေပါတယ်။
စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေကိုတော့ MOPS ဈေးနှုန်းအပေါ် အခြေခံပြီး စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။
ထို့အပြင် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချတာနဲ့ ဈေးနှုန်း မမှန်ကန်တာတွေရှိရင် ကော်မတီထံ တိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

