Language:

လှိုင်သာယာ ရွှေသံလွင်စက်မှုဇုန်ရှိ AGE ထရန်စဖော်မာစက်ရုံမှာ မီးလောင်မှုဖြစ်ပွား


လှိုင်သာယာ ရွှေသံလွင်စက်မှုဇုန်ရှိ AGE ထရန်စဖော်မာစက်ရုံမှာ မီးလောင်မှုဖြစ်ပွား

၁၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

TNA

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် AGE ထရန်စဖော်မာစက်ရုံမှာ ယနေ့ နိုဝင်ဘာ (၁၃)ရက်၊ (၀၀)နာရီ (၃၉)မိနစ်အချိန်ခန့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

၎င်း AGE ထရန်စဖော်မာစက်ရုံမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပါတယ်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၀၀)နာရီ (၄၃) အချိန်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု အကြောင်းရင်းကို စစ်ဆေးသွားကာ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

#လှိုင်သာယာ

#ရွှေသံလွင်စက်မှုဇုန်

#AGEထရန်စဖော်မာစက်ရုံ

#မီးလောင်မှု

ဆက်စပ်သတင်းများ

Eastern Thanlwin