Language:

မြန်မာနိုင်ငံမှ ကလေး(၃.၄)သန်း အရေးပေါ် ပညာရေးအထောက်အပံ့လိုအပ်နေလို့ UNICEF ထုတ်ပြန်


မြန်မာနိုင်ငံမှ ကလေး(၃.၄)သန်း အရေးပေါ် ပညာရေးအထောက်အပံ့လိုအပ်နေလို့ UNICEF ထုတ်ပြန်

၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွါလာတဲ့ နိုင်ငံသားတွေရဲ့ကလေးသူငယ် (၃.၄)သန်းဟာ အရေးပေါ် ပညာရေးအထောက်အပံ့လိုအပ်နေတယ်လို့ ဇွန်လအတွင်း ကမ္ဘာ့ UNICEF ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အရေးပေါ် လိုအပ်နေတဲ့ ပညာရေးအထောက်အပံ့တွေကတော့ စာသင်ကျောင်းအဆောက်အဦနဲ့ သင်ကြားရေးပစ္စည်း၊ စာအုပ်၊ စာရေးကိရိယာတွေအပြင် အရည်အချင်းပြည့်မီတဲ့ သင်ကြားရေး ဆရာ/ဆရာမတွေအပါအဝင် သန့်ရှင်းသော သောက်သုံးရေဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

နေရပ်စွန့်ခွါလာတဲ့ မိသားစုဝင်တွေအနေနဲ့ မိသားစုဝင်ငွေကျဆင်းပြီး စားဝတ်နေရေးမလုံလောက်မှုတွေကြာင့် ကလေးသူငယ်အများစုမှာ ကျောင်းစာသင်ခန်းတွေကို စွန့်ခွါနေပြီး ဝင်ငွေရလုပ်ငန်းတွေထဲ ဝင်ရောက် လုပ်ကိုင်နေတာတွေလဲ ရှိနေတာပါ။

အရေးပေါ်ပညာရေးအထောက်အပံ့လိုအပ်နေတဲ့ ကလေးငယ်(၃.၄)သန်းအနက်က UNICEF အဖွဲ့အစည်းအနေနဲ့ ကလေးဦးရေ (၄၇၀၀၀၀)ကျော်သာ ထောက်ပံ့နိုင်ခဲ့ပြီး ရန်ပုံငွေလိုအပ်ချက်ဖြစ်တဲ့ အမေရိကန် ဒေါ်လာ (၂၆၇.၂)သန်းကို လူသားချင်းစာနာထောက်ထားမှု အကူအညီတောင်းခံထားတယ်လို့လဲ သိရပါတယ်။

စစ်ရေးပဋိပက္ခကြောင့် မိသားစုလိုက် နေရပ်စွန့်ခွါမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နေရပ်စွန့်ခွါသာ (၅)သန်းခန့်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အန္ဒိယနိုင်ငံတွေဘက်ကို ဒုက္ခသည်အဖြစ်ခိုလှုံသူ (၁.၆)သန်းခန့်ရှိတယ်လို့လဲ အစီရင်ခံစာက ဖေါ်ပြထားပါတယ်။

#ပညာရေး

#အရေးပေါ်ပညာရေးအထောက်အပံ့

#UNICEF

#ကလေးငယ်

ဆက်စပ်သတင်းများ

Eastern Thanlwin