၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ဧပြီ ၄ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေထဲ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်(၃၄)၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် (၅)နယ်နဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ် (၁၆)နယ်အတွက် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
လစ်လပ်ကိုယ်စားလှယ်တွေအတွက် ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ မဲဆန္ဒနယ်အားလုံးမှာ မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) စနစ်နဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
လက်ရှိကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်(၃၁၅)ဦး တက်ရောက်နေပြီး အမျိုးသားလွှတ်တော်မှာတော့
လွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အသီးနဲ့ အစည်းအဝေးတွေကျင်းပနေတာဖြစ်ပါတယ်။

