၅ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာလ ၅ ရက် ဒီနေ့မှာ သိသိသာသာ ပြန်လည်မြင့်တက်လာပြီး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄,၁၃၀ အထက်အထိ ရောက်ရှိလာပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်တယ်လို့ သိရပါတယ်။
အရင်ရက်ပိုင်းတွေမှာ ဈေးနှုန်းကျဆင်းမှုတွေ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက် ဈေးကွက်အခြေအနေ ပြောင်းလဲလာတာနဲ့အမျှ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးတက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးကွက်မှာလည်း ဈေးနှုန်းတွေ လိုက်ပါမြင့်တက်လာနေပါတယ်။
နိုဝင်ဘာ ၅ ရက် ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို စနစ်ဟောင်းဈေးနှုန်းအရ ကျပ် ၁၀၄ သိန်းဝန်းကျင်အထိ ရောက်ရှိလာပြီး နိုဝင်ဘာ ၄ ရက်ကထက် ကျပ် ၂ သိန်းဝန်းကျင် မြင့်တက်လာတာဖြစ်ပါတယ်။
စနစ်သစ်ဈေးနှုန်းကတော့ တစ်ကျပ်သားကို ကျပ် ၁၀၃ သိန်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးအဆင့်တွေကို ပြန်လည်ရောက်ရှိလာတာကြောင့် ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်လာနိုင်ခြေကိုလည်း ရွှေဝယ်ယူသူတွေနဲ့ ဈေးကွက်အတွင်း လေ့လာစောင့်ကြည့်သူတွေက စိတ်ဝင်စားနေကြပါတယ်။

