Language:

ရန်ကုန်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းများ အပါအဝင် အဲကွန်းအချို့ ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်


ရန်ကုန်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းများ အပါအဝင် အဲကွန်းအချို့ ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်

၂၃ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရန်ကုန်မြို့မှာ ရေခဲသေတ္တာ၊ အဲကွန်းအပါအဝင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ရန်ကုန်အခြေစိုက် လျှပ်စစ် ပစ္စည်းရောင်းချတဲ့ ဆိုင်တွေကနေ စုံစမ်းသိရှိရပါတယ်။

ရန်ကုန်မြို့အခြေစိုက် Ba Yin Gyi Electronics ဆိုင်ရဲ့ အွန်လိုင်းမှာ ဖော်ပြထားတဲ့ ဈေးနှုန်းတွေအရ CHIGO အဲကွန်း 1 HP Non-Inverter မော်ဒယ်တစ်မျိုးဟာ ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်မှာ ကျပ် ၁၈ သိန်း ၃ သောင်းရှိရာက အောက်တိုဘာ ၁၆ ရက်မှာ ကျပ် ၂၅ သိန်း ၂ သောင်းအထိ မြင့်တက်ခဲ့ပါတယ်။

စျေးကွက်အတွင်းရှိနေတဲ့ ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး စျေးနှုန်းတွေက ဆက်တိုက် မြင့်တက်လာတာ ဖြစ်ပြီး အယ်နီညိုဖြစ်စဥ်ကြောင့် အပူဒဏ်ကာကွယ်ဖို့ ကြိုတင်စုဆောင်းပြီး၀ယ်ယူသူတွေများပြားလျက်ရှိတာပါ။

ရေခဲသေတ္တာနဲ့ ပတ်သက်ပြီးလည်း Samsung အမျိုးအစားရေခဲသေတ္တာတစ်လုံးကို ယခင် ၁၆ သိန်း ၀န်းကျင်ရှိတဲ့ အမျိုးအစားဟာ ကျပ် ၂၉ သိန်း ၉ သောင်းနဲ့ လောက်အထိ စျေးနှုန်းမှာမြင့်တက်သွားတယ်လို့ သိရပါတယ်။

နောက်ထပ်ပစ္စည်း အ၀င်လည်း မရှိနိုင်တာကြောင့် စျေးကွက်အတွင်း၀ယ်ယူရခက်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ယခင်ကစျေးနှုန်းအားဖြင့် သက်သာတဲ့ တရုတ်နိုင်ငံထုတ် Brand များပင် စျေးကွက်အတွင်းမြင့် တက်လာပြီး လိုသလောက်၀ယ်ယူလို့ မရတဲ့ ပြသနာများလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာရတဲ့ အဓိက အကြောင်းရင်းနဲ့ပတ်သက်ပြီး သွင်းကုန်ကုန်ကျစရိတ်၊ ငွေလဲနှုန်းအပြောင်းအလဲနဲ့ ပစ္စည်းရရှိနိုင်မှုအခြေအနေတွေက သက်ရောက်မှုရှိနေတာဖြစ်ပါတယ်။

#အိမ်သုံးလျှပ်စစ်ပစ္စည်း

#အဲကွန်း

#စီးပွားရေး

#စံချိန်တင်မြင့်တက်

ဆက်စပ်သတင်းများ

Eastern Thanlwin