Language:

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ တယ်လီဖုန်းမှတဆင့် ဆက်သွယ်ခွင့်ရရှိခဲ့


ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ တယ်လီဖုန်းမှတဆင့် ဆက်သွယ်ခွင့်ရရှိခဲ့

၂၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ထိန်းသိမ်းခြင်းခံထားရတဲ့ ‌ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ သားငယ်ဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းတို့ တယ်လီဖုန်းက တစ်ဆင့် ဆက်သွယ်စကားပြောဆိုခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ‌‌ဒေါ်ခိုင်ခိုင်စိုးက အသိပေးထုတ်ပြန်လိုက်ပါတယ်။

ပြစ်ဒဏ်ကျခံလျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် ၂ နာရီခွဲ အချိန်မှ ၂နာရီ ၅၀ အချိန်ထိ သူမ၏ သားငယ်ဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းနဲ့ လန်ဒန်မြိုရှိ မြန်မာသံရုံးက တစ်ဆင့် တယ်လီဖုန်းနဲ့ အပြန်အလှန် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

မိနစ် ၂၀ ကျော်နီးပါးကြာမြင့်ခဲ့တဲ့ အပြန်အလှန်ပြောဆိုမှုတွေကိုတော့ အတိအကျထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ကိုထိန်လင်းက လူမှုကွန်ရက်မှာ မိခင်ရဲ့အသံကို ပြန်ကြားခွင့်ရခဲ့တာဟာ စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့်ဖြစ်တယ်လို့ ရေးသားထားပြီး ဒီအခွင့်အရေးရလာဖို့ တောင်းဆိုအားပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ (၅)နှစ်ကျော်ကြာ အဆက်အသွယ်ပြတ်တောက်နေခဲ့တဲ့ သားဖြစ်သူ ကိုထိန်လင်းဟာ အင်္ဂလန်သံရုံးက တစ်ဆင့် မိခင်ဖြစ်သူနဲ့ ဖုန်းပြောခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

#ဒေါ်အောင်ဆန်းစုကြည်

#သားဖြစ်သူ

#ကိုထိန်လင်း

#တယ်လီဖုန်း

S

ဆက်စပ်သတင်းများ

Eastern Thanlwin