Language:

လဲချား-မိုင်းနောင် ကားလမ်းဘေး ယာဉ်(၁)စီး မီးလောင်မှု (၂)နာရီခန့်ကြာအောင် ငြှိမ်းသတ်ခဲ့ရ


လဲချား-မိုင်းနောင် ကားလမ်းဘေး ယာဉ်(၁)စီး မီးလောင်မှု (၂)နာရီခန့်ကြာအောင် ငြှိမ်းသတ်ခဲ့ရ

၁၅ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

TNA

ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ လဲချား-မိုင်းနောင် ကားလမ်းဘေးမှာ ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့မှ အချိန် (၂)နာရီခန့်ကြာအောင် ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာ (၁၄)ရက်၊ ည (၆)နာရီခွဲအချိန်ခန့်၊ ၎င်းနေရာမှာ ယာဉ်(၁)စီး မီးလောင်နေတယ်လို့ သတင်းအရ မိုင်းနောင်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့တာပါ။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၂)နာရီခန့်ကြာအောင် ငြှိမ်းသတ်ခဲ့ရပြီး ည (၈)နာရီ (၁၅)မိနစ် အချိန်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

#လဲချား-မိုင်းနောင်

#မီးလောင်မှု

#ငြှိမ်းသတ်ခဲ့ရ

ဆက်စပ်သတင်းများ

Eastern Thanlwin