Language:

အနုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သား၊ သမီးတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ် ရှိ/ မရှိ လွှတ်တော်မှာ ဆွေးနွေး


အနုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သား၊ သမီးတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ် ရှိ/ မရှိ လွှတ်တော်မှာ ဆွေးနွေး

၂၄ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

NPW

နိုင်ငံတကာနည်းတူ စစ်မှုထမ်းအသက်အရွယ်အပိုင်းအခြားမှာ အကျုံးဝင်တဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သားသမီးတွေကို စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ် ရှိ/ မရှိကို ဗိုလ်တထောင်မြို့နယ် မဲ ဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဦးဉာဏ်ဝင်းထိုက်က ပြည်သူ့စစ်မှုထမ်း တာဝန် ထမ်းဆောင်တာကို စနစ်နဲ့အညီ အကောင်အထည်ဖော်နိုင်ရေး မည်သို့ဆောင်ရွက်မည်နဲ့ ဆက်လက် ဆောင်ရွက်နေတာကို ပြည်သူတွေ သိရှိ နိုင်ရေး အသိပညာပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန် လည်ဖြေကြားခဲ့ကာ ထပ်ဆင့် မေးခွန်းအနေနဲ့ အခုလို ထပ်မံမေးမြန်းခဲ့တာဖြစ်ပါတယ်။

“ပြည်သူ့စစ်မှုထမ်းဆောင်ရေးနဲ့ ပတ်သက်လို့တော့ ဥပဒေ၊ နည်းဥပဒေသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသားတိုင်းဟာ အလှည့်ကျတဲ့ အချိန်ကျရင် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ကင်းလွတ်ခွင့်ရရှိနိုင်တဲ့ သူတွေကလွဲပြီး ကျန်တဲ့ သူတွေဟာ အလှည့်ကျတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ” လို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဦးဉာဏ်ဝင်းထိုက်က လက်ရှိ စစ်မှုထမ်းဥပဒေအရ တပ်မတော်ထိပ်ပိုင်းခေါင်းကြီးအချို့ရဲ့ သားသမီးတွေပါ စစ်မှုထမ်းနေသလို နိုင်ငံတကာနည်းတူ အကျုံးဝင်တဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ လုပ်ငန်းနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ စစ်မှု ထမ်းဆင့်ခေါ်ဖို့ အစီအစဉ် ရှိ မရှိ ထပ်ဆင့်မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ ဒါကို မေးခွန်းအနေနဲ့လည်း မေးပြီးပြီ သက်ဆိုင်ရာဝန်ကြီးဌာနကလည်း အလှည့်ကျရင် တာဝန်ထမ်းဆောင်ရမယ်လို့ ပြောပြီးပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဒီအပေါ်မှာတော့ စောင့်ကြည့်သွားပါမယ်။ စောင့်ကြည့်သွားပြီးတော့ ကျွန်တော် မေးတဲ့ မေးခွန်းပေါ်မှာလည်း ပြည်သူတွေ ကျေနပ်အောင်၊ အဆင်ပြေအောင်တော့ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုကိုလည်း စောင့်ကြည့်သွားပါမယ်။” လို့လည်း ဦးဉာဏ်ဝင်းထိုက်က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်း လွယ်ကူချောမွေ့အောင် လွှတ်တော် ကိုယ်စားတွေအနေနဲ့လည်း သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွေက ပြည်သူတွေကိုလည်း စည်းရုံးဆောင်ရွက်ပေးဖို့လည်း ပြောပါတယ်။

စစ်မှုထမ်းဆင့်ခေါ်တာနဲ့ ပတ်သက်လို့ မြေပြင်မှာ မမှန်မကန်နဲ့ နည်းလမ်းတကျမဟုတ်ဘဲ ခေါ်ဆောင်ခံရတာတွေကိုလည်း အကူအညီတောင်းနိုင်ပါတယ်လို့လည်း ဦးဉာဏ်ဝင်းထိုက်က ဆိုပါတယ်။

#အနုပညာရှင်

#စီးပွားရေးလုပ်ငန်းရှင်

#သား၊သမီး

#စစ်မှုထမ်း

#လွှတ်တော်မှာဆွေးနွေး

#ဝန်ကြီးဌာန

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin