Language:

စစ်ကိုင်းတိုင်း ကလေးမြို့ သီတာဦးရပ်ကွက် မီးလောင်မှု အမျိုးသမီး (၃) ဦး သေဆုံးခဲ့ရ


စစ်ကိုင်းတိုင်း ကလေးမြို့ သီတာဦးရပ်ကွက် မီးလောင်မှု အမျိုးသမီး (၃) ဦး သေဆုံးခဲ့ရ

၂၂ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တပ်ဦးသီတာရပ်ကွက်ရှိ ကွန်ပျူတာနဲ့ မိတ္တူဆိုင်တစ်ဆိုင်မှာ ယမန်နေ့ စက်တင်ဘာ (၂၁)ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီး (၃)ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က စက်တင်ဘာ (၂၁) ရက် ည (၁၁) နာရီ ဝန်းကျင်က ကလေးမြို ၊ သီတာဦး ရပ်ကွက်၊ ကမ္ဘာ့ရတနာဘဏ်ဘေးရှိ Apple ကွန်ပျူတာနဲ့ မိတ္တူကူးဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

” ဆိုင်အောက်ထပ်ကနေ စလောင်တာ ၊ ဝန်ထမ်းတွေက အပေါ်ထပ်မှာ အိပ်ကြတာတဲ့။ မီးက လောင်စာကောင်းတော့ တအားကြီးသွားပြီး အပြင်ထွက်ဖို့ ခက်သွားတယ်နဲ့တူတယ်။ (၃) ယောက်သေတယ်။” လို့ ဒေသခံ လူမှုကူညီရေးအသင်းဝင် တစ်ဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာသို့ ကလေးခရိုင်နဲ့ ကလေးမြိုနယ် မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ်(၂)စီးနဲ့ ရေသယ်ယာဉ်(၂) စီး လာရောက်မီးငြိမ်းသတ်ခဲ့တဲ့အတွက် ည (၁၂) နာရီဝန်း ကျင်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး (၃) ဦးရဲ့ ရုပ်အလောင်းတွေကို ပုညကုသလလူမှုကူညီရေးအသင်းနဲ့ ကရုဏာလူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ်နဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

#ကလေးမြို့

#သီတာဦးရပ်ကွက်

#မီးလောင်မှု

#အမျိုးသမီး(၃)ဦး

#သေဆုံးခဲ့ရ

#မှုခင်း

#ကွန်ပျူတာမိတ္တူဆိုင်

#မီးသတ်စခန်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin