Language:

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်ခွင့်ကို စက်တင်ဘာ (၂၈) ရက်က စတင်လျှောက်ထားနိုင်


စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်ခွင့်ကို စက်တင်ဘာ (၂၈) ရက်က စတင်လျှောက်ထားနိုင်

၁၉ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ထားသူတွေအနေနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်ခွင့်အတွက် လျှောက်လွှာတွေကို စက်တင်ဘာ (၂၈) ရက်က စတင်ပြီး လျှောက်ထားနိုင်ပြီလို့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထုတ်ပြန်ချက်အရ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူတွေအနေနဲ့ ဖြေဆိုခဲ့တဲ့ အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နဲ့ လျှောက်လွှာစာအိတ်တွေကို ကိုယ်တိုင်ထုတ်ယူရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကိုတော့ စက်တင်ဘာ (၂၈) ရက်ကနေ အောက်တိုဘာ (၁၆) ရက်အထိ စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေပါမကျန် နေ့စဉ် လက်ခံပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို မြန်မာနိုင်ငံတစ်ဝန်း သတ်မှတ်ထားတဲ့ တက္ကသိုလ် ၂၅ ခုမှာ လက်ခံပေးသွားမှာ ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားနိုင်ခြင်း မရှိတဲ့ သူတွေအနေနဲ့တော့ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)ကို ပေးပို့ပြီး လျှောက်ထားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူတွေအနေနဲ့ သတ်မှတ်ရက်မကျော်မီ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံစွာနဲ့ လျှောက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ယမန်နှစ် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ ၂ သိန်းကျော် ရှိခဲ့ပြီး၊ အဲဒီထဲက ၉၉,၉၂၄ ဦး အောင်မြင်ခဲ့တာကြောင့် အောင်ချက် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

#စက်မှု

#စိုက်ပျိုး

#မွေးမြူရေး

#တက္ကသိုလ်

#ပညာရေး

#ပညာသင်နှစ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin