၂၀ စက်တင်ဘာ ၂၀၂၆ (EasternThanlwin)
ကြည်ညို
ဘရာဇီး ဖိုက်တာ ပန်တိုဂျာကိုအနိုင်ယူပြီး ဂျော့ရှုဝါဗန် ဟာချန်ပီယံခါးပတ် ကိုဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့ပါတယ်။
UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန်ဟာ အရင်ချန်ပီယံဟောင်း ပန်တိုဂျာကို ဒီနေ့မနက်ပိုင်း ထိုးသတ်တဲ့ UFC ခါးပတ်လုပွဲမှာ ဒိုင်တွေရဲ့အမှတ်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးအချီမှာ ဗန်က မဖြစ်မနေ အသာစီးရမှကို ဖြစ်မယ့်အခြေအနေရှိခဲ့ပါတယ်။ ၄ ချီအပြီးမှာ ပန်တိုဂျာက အမှတ်အသာစီးရနေတာပါ။ နောက်ဆုံးအချီမှာတော့ ဗန်ရဲ့ အားပါပြင်းထန်တဲ့ လက်သီးချက်တွေကြောင့် အမှတ်အသာပြန်လည်ရရှိပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တာပါ။

