၉ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဖိုးစည်
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြိုနယ်ရှိ နေအိမ်တစ်အိမ်မှာ အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသူတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာလ (၈)ရက် ညနေ (၆) နာရီဝန်းကျင်မှာ ချမ်းအေးသာစံမြိုနယ် ပြည်ကြီးမျက်ရှင် ရပ်ကွက်၊ (၃၁) လမ်း၊ (၆၃)လမ်းနဲ့ (၆၄)လမ်းကြားက နေအိမ်တစ်အိမ်ကို ရဲတပ်ဖွဲ့က သတင်းအရဝင်ရောက်ဖမ်းဆီးခဲ့တာလို့ မြိုခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“အိမ်ကို ဝင်ဖမ်းတာ၊ သူက ၂၀၂၄ တည်းက အွန်လိုင်းဂိမ်းလုပ်နေတာလို့ကြားတယ်။ အိမ်ရှင်ရော အကုန်လုံး (၇)ယောက်ကို ဖမ်းသွားတာ။ မိန်းကလေးတွေများတယ်”လို့ ဖြစ်စဉ်ကို သိရှိတဲ့ မန္တလေးမြိုခံတစ်ဦးက ပြောပါတယ်။
အဆိုပါဖမ်းဆီးမှုတွင် အိမ်ရှင်ဖြစ်သူ ဒေါ်သီတာသန်း(၅၉ နှစ်)နဲ့အတူ အွန်လိုင်းလောင်းကစား လုပ်ငန်းလုပ်သူ ရဲထက် (၂၃) နှစ်၊ တေဇထိန်လင်း (၂၉) နှစ်၊ မသဉ္ဇာထက် (၂၈) နှစ်၊ မသက်သက်ဇွန် (၂၅) နှစ်၊ မဟန်ဝင့်ဝါကို (၃၄) နှစ်၊ မနန္ဒာလွင် (၂၄) နှစ်တို့ကို ရဲတပ်ဖွဲက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ (၆) လုံး၊ Laptop (၁) လုံး၊ Mouse (၁) လုံး၊ ဖုန်း (၁၄) လုံး၊ Wifi စက် (၂) လုံး၊ CC TV (၁)လုံးနဲ့အတူ ငွေကျပ် သိန်း (၁၅၀) ကိုလည်း သိမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
#(၇)ဦးဖမ်းဆီးရမိ

