Language:

အမျိုးသမီး ဓါတ်ပုံအသုံးပြုပြီး အခြားသူရဲ့ ဖုန်းနံပါတ်နဲ့တင်နေတဲ့ TikTok Trend ကြောင့် ဖုန်းပိုင်ရှင်တွေ စိတ်အနှောင့်အယှက်ဖြစ်နေရ


အမျိုးသမီး ဓါတ်ပုံအသုံးပြုပြီး အခြားသူရဲ့ ဖုန်းနံပါတ်နဲ့တင်နေတဲ့ TikTok Trend ကြောင့် ဖုန်းပိုင်ရှင်တွေ စိတ်အနှောင့်အယှက်ဖြစ်နေရ

၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

Tiktok လူမှုကွန်ယက်ပေါ်မှာ လူငယ်အမျိုးသမီး ဓာတ်ပုံတွေနဲ့ ဖုန်းနံပါတ်တွေကို တွဲတင်ထားပြီး ဖုန်းခေါ်နိုင်တယ်လို့ ရေးထားထားတဲ့ အကြောင်းအရာတွေက Tiktok အသုံးပြုနေသူများအကြား ခေတ်စားနေတယ်လို့ Tiktok လူမှုကွန်ရက် အသုံးပြုတွေထံက သိရပါတယ်။

အဲ့လို ဖော်ပြထားတဲ့ ဖုန်းနံပါတ်နဲ့ ဓာတ်ပုံထဲက အမျိုးသမီးတွေမဟုတ်ဘဲ အခြားသူတွေရဲ့ ဖုန်းနံပါတ်ဖြစ်နေတာကြောင့် ဖုန်းနံပါတ်ပိုင်ရှင်တွေ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ သိရပါတယ်။

TikTok ပေါ်မှာ လူကြည့်များ စိတ်ဝင်စားစေဖို့ အကောင့်အတုတွေနဲ့ အမျိုးသမီးငယ်တွေရဲ့ အလှပုံတွေအသုံးပြုပြီး ဖုန်းနံပါတ်နဲ့ အတူတွဲတင်ထားကာ ဖုန်းခေါ်ဆို စကားပြောလို့ရကြောင်း ရေးတင်နေကြတာဖြစ်ပါတယ်။

“အလုပ်ရုံးက ဖုန်းဆိုတော့ အမြဲတမ်းဖွင့်ထားရတယ်။ တစ်နေကုန်ပဲ ထိုင်ဆက်နေတာ။ ကောင်းမလေးထင်ပြီး ဖွန်ကြောင်ပြီးလာဆက်နေတာ။ မေးတော့လည်း ဘာမှ ပြန်မပြောဘူး။ ဖုန်းနံပါတ်ကို ဘယ်ကနေရတာလည်းမေးတော့ Tiktok ပေါ် ကနေ တွေ့တာ” လို့ ဖြစ်စဥ်ကို ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

TikTok အသုံးပြုသူအချို့ကလည်း ကိုယ်ပိုင်ဓာတ်ပုံ၊ ဖုန်းနံပါတ်တွေအသုံးမပြုဘဲ လူမှုကွန်ရက်များပေါ် တွေ့ရှိတဲ့ အခြားသူဖုန်းနံပါတ်များ၊ ကုမ္ပဏီနဲ့ ရုံးဖုန်းနံပါတ်များကို အသုံးပြုပြီး လူကြည့်စေရန် အသုံးချနေတာကြောင့် အနှောင့်အယှက်ဖြစ်နေရပါတယ်။

ဖုန်းနံပါတ်များကို လူမှုကွန်ရက်ပေါ်မှာ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ထည့်သွင်းဖော်ပြခြင်းကြောင့် ဖုန်းနံပါတ်ပိုင်ရှင်တွေဆီ မရင်းနှီးတဲ့ သူစိမ်းတွေက ဖုန်းခေါ်ဆိုမှုများနှင့် ဆက်သွယ်တာတွေ ပြုလုပ်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။

အလားတူ လူမှုကွန်ရက်တွေပေါ်မှာလည်း တစ်ခြားသူ ဓာတ်ပုံတွေအသုံးပြုပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုတွေ လုပ်နေတာတွေ ရှိသလို အခုရက်ပိုင်းမှာ viber နဲ့ telegram အကောင့်တို့မှာ အမျိုးသမီးဓာတ်ပုံအတုများ အသုံးပြုကာ အွန်လိုင်းဂိမ်းကစားရန် မြူဆွယ်တာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

အဲ့လို မသိရှိတဲ့ ဖုန်းနံပါတ်တွေက ဆက်သွယ်လာတာနဲ့ မသင်္ကာဖွယ် အကောင့်တွေက ပေးပို့လာတဲ့ လင့်ခ်တွေ၊ အကြောင်းအရာတွေကို ဖုန်းအသုံးပြုသူတွေအနေနဲ့ သတိထားဖို့ လိုအပ်နေပါတယ်။

#အမျိုးသမီးဓါတ်ပုံ

#ဖုန်းနံပါတ်

#TikTokTrend

#ဖုန်းပိုင်ရှင်

#စိတ်အနှောင့်အယှက်ဖြစ်

#လူမှုကွန်ရက်

#socialmedia

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin