၂ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဖိုးစည်
ရှမ်းပြည်နယ် မိုင်းပျဉ်းမြိုနယ် ကျိုင်းတုံ – တောင်ကြီးသွား ကားလမ်းပေါ် ယမန်နေ့ စက်တင်ဘာ (၁)ရက် ည(၉) နာရီ (၁၀) မိနစ်က ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန် ချောက်ထဲထိုးကျခဲ့ရာ (၁) ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရခဲ့တယ်လို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲထံမှ သိရပါတယ်။
ကျိုင်းတုံ – တောင်ကြီးသွားကားလမ်း မိုင်တိုင်အမှတ် ၅၅၅.၅ နဲ့ ၅၅၆.၀ အကြား၊ ခမ်းပေါ့ကျေးရွာနဲ့ တောင်သုံးလုံးကျေးရွာအနီးမှာ ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိ ချောက်ထဲသို ထိုးကျခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာသို့ မိုင်းပျဉ်းမြိုနယ် မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲဝင်များ သွားရောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ ချောက်ထဲ ထိုးကျသွားခဲ့တာကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၁၃)ဉီး၊ အမျိုးသမီး (၉)ဦး၊ ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက်(၂)ဦး၊ ယာဉ်မယ်(၁)ဦး၊ ယာဉ်မောင်း(၁)ဦး စုစုပေါင်း (၂၈)ဦးအနက် အမျိုးသမီး (၁)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၁၁)ဦး၊ အမျိုးသမီး(၈)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲက သတင်းထုတ်ပြန်ထားပါတယ်။
အခင်းဖြစ်စဥ်ကြောင့် ထိုခိုက်ဒဏ်ရာရသူ (၁၉)ဦးနဲ့ သေဆုံးသူအမျိုးသမီး (၁)ဦးရဲ့ ရုပ်အလောင်းကို တုံတာလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ ကူညီပိုဆောင်ပေးခဲ့တယ်လိုလည်း သိရပါတယ်။

