Language:

ငါးသိုင်းချောင်းမှာ လှေ‌မှောက်ကာ ပျောက်ဆုံးခဲ့ရသူ (၂) ဦး၏ ရုပ်အလောင်းပြန်တွေ့


ငါးသိုင်းချောင်းမှာ လှေ‌မှောက်ကာ ပျောက်ဆုံးခဲ့ရသူ (၂) ဦး၏ ရုပ်အလောင်းပြန်တွေ့

၁ စက်တင်ဘာလ ၂၀၂၆(Eastern Thanlwin)

ဖိုးစည်

ဧရာ၀တီတိုင်း‌ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ အနီး လှေမှောက်ကာ ပျောက်ဆုံးခဲ့ရသူ (၂) ဦး၏ ရုပ်အလောင်းများကို ယနေ့စက်တင်ဘာ (၁)ရက် နံနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ (မန္တလေးတိုင်း)ထံက သိရပါတယ်။

ယမန်နေ့ ဩဂုတ် (၃၁) ရက်က ငသိုင်းချောင်းမြို့၊ ကျပ်ကွင်းကျေးရွာအနီးမှာ လှေမှောက်ခဲ့တာဖြစ်ပြီး လှေပေါ်ပါ လူ(၃) ဦး ရေနစ်ပျောက်ဆုံးခဲ့ရကာ ပျောက်ဆုံးသူတွေဟာ အဲဒီရွာသားတွေဖြစ်ပြီး တစ်ဦးကို ယမန်နေ့က ပြန်တွေ့ခဲ့ရကာ ကျန်(၂) ဦးကို ဒီကနေ့ စက်တင်ဘာ (၁)ရက် မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တာပါ။

” တစ်လောင်းက မနေ့ ညနေပိုင်းကတည်းက တွေ့တယ်။ ဒီမနက် (၂) လောင်း ထပ်တွေ့ပါတယ်။” လို့ သွားရောက်ကူညီခဲ့သူ တစ်ဦးက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၇)ရက် ညပိုင်းကလည်း ငါးသိုင်းချော င်းမြိုသစ်ပိုင်းမှ ဒေသခံနှစ်ဦး ငါးရှာထွက်ရင်း လှေမြုပ်ပြီး တစ်ဦးသေဆုံးခဲ့ရသလို ဩဂုတ်လ (၁၇) ရက် နဲ့ (၁၈) ရက် တွေမှာလည်း ငါးသိုင်းချောင်း ဒေသခံ နှစ်ဦး ရေစီးနဲ့ မျောပါ သေဆုံးခဲ့ပါသေးတယ်။

ဧရာဝတီရေဘေးဟာ (၁)လကျော်ရှိလာပြီဖြစ်လို့ လက်ရှိမှာ ရေဘေးကြောင့် သေဆုံးသူ (၁၀) ဦး ဝန်းကျင်ရှိလာပြီဖြစ်တယ်လို့လည်း သတင်းတွေအရ သိရပြီး ဒေသခံတွေအနေနဲ့ ရေဘေးကို ဂရုတစိုက်နေထိုင်ဖို့ လိုအပ်နေတယ်လို့လည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဆိုထားပါတယ်။

#ငါးသိုင်းချောင်းလှေ‌မှောက်

#ပျောက်ဆုံးသူ(၂) ဦး

#ရုပ်အလောင်းပြန်တွေ့

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin