Language:

ရှမ်းအရှေ့ တာချီလိတ်မြို့ ဟိုတယ်၊ ခရီးသွားလာရေးလုပ်ငန်း/ ယဥ်ကျေးမှုဆိုင်ရာတွေက ဌာနဆိုင်ရာများနဲ့ပက်သတ်လို့ အခက်အခဲများရှိပါက တရားဝင်တိုင်ကြားနိုင်


ရှမ်းအရှေ့ တာချီလိတ်မြို့ ဟိုတယ်၊ ခရီးသွားလာရေးလုပ်ငန်း/ ယဥ်ကျေးမှုဆိုင်ရာတွေက ဌာနဆိုင်ရာများနဲ့ပက်သတ်လို့ အခက်အခဲများရှိပါက တရားဝင်တိုင်ကြားနိုင်

၁ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ဟိုတယ်၊ ခရီးသွားလာရေးလုပ်ငန်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်လို့ အခက်အခဲများရှိပါက တရားဝင်တိုင်ကြားနိုင်တယ်လို့ ပြည်သူ့လွှတ်တော်၊ ဟိုတယ်၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ယဥ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဌက ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ (၃၀) ရက်က ဟိုတယ်တာချီလိတ် အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်၊ ဟိုတယ်၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ယဥ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌ ဦး‌ထင်အောင်ရှိန်အဖွဲ့နှင့် တာချီလိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီ လုပ်ငန်းရှင်များ ၊ ဧည့်လမ်းညွှန်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သက်ဆိုင်ရာ နယ်မြေအသီးသီးမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေ၊ ၎င်းတို့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကော်မတီကို တရားဝင် တိုင်ကြားလို့ရပါတယ်။ အသနားခံစာ တင်လို့ရပါတယ်။ တင်ပြလို့ရပါတယ်”လို့ ကော်မတီဥက္ကဌ ဦးထင်အောင်ရှိန်က ပြောကြားခဲ့တာပါ။

တိုင်ကြားတာက ပြည်သူလူထုရဲ့ အခွင့်အရေးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို မထိခိုက်ဘဲ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို ထိခိုက်နိုင်တဲ့ အရာများကို ပြည်သူတွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် လုပ်ငန်းရှင်များဘက်က လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ဟာ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးလုပ်ငန်းများ အဓိကလည်ပတ်နေတဲ့ နယ်စပ်မြို့တစ်မြို့ဖြစ်လို့ ဟိုတယ်၊ ခရီးသွားလာရေးလုပ်ငန်း/ ယဥ်ကျေးမှုဆိုင်ရာတွေက ဌာနဆိုင်ရာများနဲ့ ပက်သက်လို့ အခက်အခဲများရှိပါက ပြည်သူ့လွှတ်တော် ဟိုတယ်၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ နေပြည်တော် (i)အဆောင် 11 ကို လိပ်မူပြီး တိုင်ကြားနိုင်တယ်လို့ သိရှိရပါတယ်။

#တာချီလိတ်မြို့

#ဟိုတယ်ခရီးသွားလာရေးလုပ်ငန်း

#တရားဝင်တိုင်ကြားနိုင်

#ယဉ်ကျေးမှု

#စီးပွားရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin