Language:

ရန်ကုန်တိုင်းထဲက စက်မှုဇုန် မြေ၊ အဆောက်အအုံ ရောင်း၀ယ်ဌားရမ်းတဲ့ အခွန်စည်းကြပ်မှု စံနှုန်းအသစ်တွေကို ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း အတည်ပြု ထုတ်ပြန်မယ်


ရန်ကုန်တိုင်းထဲက စက်မှုဇုန် မြေ၊ အဆောက်အအုံ ရောင်း၀ယ်ဌားရမ်းတဲ့ အခွန်စည်းကြပ်မှု စံနှုန်းအသစ်တွေကို ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း အတည်ပြု ထုတ်ပြန်မယ်

၁ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရန်ကုန်တိုင်းဒေသကြီးထဲက စက်မှုဇုန်များ၌ မြေ၊ အဆောက်အအုံ ရောင်းဝယ်၊ ဌားရမ်းမှုတွေရဲ့ အခွန်စည်းကြပ်မှု စံနှုန်းအသစ်တွေကို ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း အတည်ပြု ထုတ်ပြန်ရေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။

အဆိုပါ အခွန်စည်းကြပ်မယ့် သတ်မှတ်စံနှုန်းပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မနေ့က သြဂုတ် ၃၁ ရက်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မြေ၊ အဆောက်အအုံ ရောင်းဝယ်၊ ဌားရမ်းတဲ့ အခွန်စည်းကြပ်မှု စံနှုန်းတွေကို မြေပြင်ပေါက်ဈေးနဲ့အညီ ပြင်ဆင်သတ်မှတ်သွားဖို့လည်း လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

စက်မှုဇုန် ကြီးကြပ်ရေးကော်မတီများက ဇုန်တစ်ခုချင်းအလိုက် အနီးဆုံး ကာလပေါက်စျေးတွေကို ဆီလျော်အောင်ပြန်လည်တင်ပြဖို့လည်း လုပ်ငန်းရှင်တွေကို ညွန်ကြားချက်ထုတ်ပြန်မယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း ရန်ကုန်တိုင်းအတွင်းက အိမ်၊ ခြံ၊ မြေ အခွန်စည်းကြပ် စံနှုန်းတွေကိုလည်း ခေတ်ကာလပေါက်စျေးနဲ့အညီ ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်ရဲ့ အိမ်ခြံမြေစျေးနှုန်းက အခွန်စည်းကြပ်မှုတွေ ပြင်ဆင်မယ်ဆိုတဲ့သတင်းကြောင့် အရောင်းအ၀ယ်ပြုလုပ်သူတွေက သြဂုတ်လဆန်းပိုင်းထဲက စျေးကွက်ကို စောင့်ကြည့်ပြီး အရောင်းအ၀ယ်ပြုလုပ်နေကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောဆိုပါတယ်။

#စည်းကြပ်ခွန်

#စက်မှုဇုန်

#အဆောက်အဦ

#ရန်ကုန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin