၁ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဖိုးစည်
ပဲခူးတိုင်း တောင်ငူမြို့အနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဒီကနေ့ မနက်ပိုင်း (၆) နာရီဝန်းကျင်က ကွန်တိန်နာယာဉ်နဲ့ ဆီဘောက်ဆာယာဉ်တို့ တိုက်မိပြီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
ဖြစ်စဉ်က တောင်ငူမြို့ အမှတ်(၉) ရပ်ကွက်ထဲ မြိုင် တည်းခိုခန်ရှေ့မှာ ရန်ကုန်ကနေ မန္တလေးကိုမောင်းလာတဲ့ ဆီဘောက်ဆာယာဉ်က မန္တလေးကနေ ရန်ကုန်ကို မောင်းလာတဲ့ ကွန်တိန်နာယာဉ်တို့ဟာ နာမည်ကြော် ရှင်ဘိုလေးကွေ့အနီးမှာ တိုက်မိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်က မီးလောင်ပေါက်ကွဲပြီး စက်သုံးဆီတွေ မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို တောင်ငူမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ် (၂) စီးထွက်ခွာပြီး အချိန် (၂) နာရီနီးပါးကြာအောင် မီငြှိမ်းပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

