Language:

ကမ္ဘောဇဘဏ်က ဆိုက်ဘာလုံခြုံရေး ထိုးဖောက်ဝင်ရောက်ခံရခြင်းမျိုး မရှိဘူးဟု ထုတ်ပြန်


ကမ္ဘောဇဘဏ်က ဆိုက်ဘာလုံခြုံရေး ထိုးဖောက်ဝင်ရောက်ခံရခြင်းမျိုး မရှိဘူးဟု ထုတ်ပြန်

၂၆ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)

ကြည်ညို

ကမ္ဘောဇဘဏ်က ဆိုက်ဘာလုံခြုံရေး နောက်ဆုံးစစ်ဆေးမှုများအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း၊ ထိုးဖောက်ဝင်ရောက်ခံရခြင်းမျိုး လုံးဝမရှိဘူးလို့ ဒီနေ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ အသိ‌ပေးထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်းက လူသုံးစွဲမှုအများဆုံး ထိပ်တန်းဘဏ်ကြီးများဖြစ်ကြတဲ့ KBZ Bank နှင့် AYA Bank တို့ကို The Crew အမည်ရှိ ဆိုက်ဘာငွေညှစ်အဖွဲ့၏ ပစ်မှတ်စာရင်းတွင်( ဩဂုတ် ၂၄ ရက်)က စတင်တွေ့ရှိရဟု သတင်းထွက်ပေါ်လာပြီးတဲ့နောက် ကမ္ဘောဇဘဏ်က ပြန်လည်ဖြေရှင်းထုတ်ပြန်လာခြင်းဖြစ်ပါတယ်။

ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ The Crew က KBZ Bank ၏ အတွင်းပိုင်းအချက်အလက်များ ရယူထားတယ်ဟုပြောထားပြီး နမူနာအချက်အလက်များထဲတွင် ဘဏ်အသုံးပြုသူ အကောင့် ၁၀ ခုခန့်၊ iBanking အကောင့်အနည်းငယ်၊ အီးမေးလ်လိပ်စာ၊ အသုံးပြုသူအမည်နှင့် စကားဝှက်ဟု ဖော်ပြထားသည့် အချက်အလက်တချို့ ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ ထုတ်ပြန်ချက်အတွင်းမှာတော့ ဆိုက်ဘာတိုက်ခိုက်ခံရမှုဖြစ်စဉ်ကို အသေးစိတ်ပြန်လည်ရှင်းလင်းထာခြင်းမရှိဘဲ Customer များရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်းထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့်လည်း မိမိတို့၏ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် အထူးဂရုပြုဖို့လည်း တိုက်တွန်းထားပါတယ်။

ကမ္ဘောဇဘဏ်နည်းတူ ဆိုက်ဘာတိုက်ခိုက်ခံရတဲ့ ဧရာဝတီဘဏ်ကတော့အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့လကတော့ဧရာဝတီဘဏ်က အခုလိုပုံစံမျိုး ဆိုက်ဘာတိုက်ခိုက်ခံရမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် Customerတွေရဲကိုယ်ရေးအချက်အလက်တွေပါဝင်သွားခြင်းမရှိဘူးလို့အသိပေးချက်တစ်ရပ်ပြန်လည်ထုတ်ပြန်ခဲ့ပါသေးတယ်။

#cyber

#ကမ္ဘောဇဘဏ်

#KBZBank

#AYABank

#ဆိုက်ဘာလုံခြုံရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin