Language:

ဘီလာရု့ဇ် နိုင်ငံဆိုင်ရာ မြန်မာသံရုံး မင့်ဇ်မြို့မှာ ဖွင့်လှစ်


ဘီလာရု့ဇ် နိုင်ငံဆိုင်ရာ မြန်မာသံရုံး မင့်ဇ်မြို့မှာ ဖွင့်လှစ်

၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဗကြီး

ဘီလာရု့ဇ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအား မင့်ဇ်မြို့မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဘီလာရု့ဇ်နိုင်ငံပိုင် BelTA သတင်းဌာနက ဖော်ပြထားပါတယ်။

မိမိတို့ရဲ့ သံတမန်ဆက်ဆံရေးများ ရာဇဝင်မှာ စာမျက်နှာအသစ်တစ်ခု ထင်ထင်ရှားရှား ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ဘီလာရု့ဇ် နိုင်ငံခြားရေးဝန်ကြီး မာဆင် ရိုင်ဇမ်ကော့ဗ်က ပြောကြားလိုက်တာပါ။

အချိန်တို သမိုင်းဝင် ပြောဆိုဆွေးနွေးမှုများအတွင်း ကာလတစ်ခုမှာ မိမိတို့နိုင်ငံတွေ အများကြီးအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ မြန်မာသံရုံးဖွင့်ပွဲ အခမ်းအနားမှာသူက ဖြည့်စွက်ပြောကြားပါတယ်။

ဘီလာရု့ဇ်သမ္မတ အလက်ဇန်းဒါး လုကာရှန်ကိုနဲ့ မြန်မာ သမ္မတဦးမင်းအောင်လှိုင်တို့ မင့်ဇ်မြို့မှာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် မြန်မာသံရုံးဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးမှုများပြီးနောက် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ဥပဒေဆိုင်ရာနဲ့ အခြား နယ်ပယ်များစွာ အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု အများအပြား လက်မှတ် ရေးထိုးခဲ့ ပါတယ်။

အဆိုပါ စာရွက်စာတမ်းများမှာ ဘီလာရု့ဇ်နဲ့ မြန်မာကြား အရပ်ဖက်နဲ့ စီးပွားရေး ကိစ္စတွေမှာ နှစ်နိုင်ငံ ကြား ရာဇဝတ်မှုများနဲ့ အခြား အမှုများအတွက် ဥပဒေအရ အကူအညီပေး သဘောတူညီမှု တစ်ရပ် ပါဝင်ပါတယ်။

#သံရုံး

#သံသမန်ဆက်ဆံရေး

#ဘီလာရုဇ့်

#မြန်မာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin