Language:

၂ နှစ်ကြာ ထွက်ပြေးတမ်းရှောင်နေတဲ့ တရားခံပြေး အမျိုးသားတစ်ဦး တာချီလိတ်လေဆိပ်မှာ PSMS စနစ်နဲ့ ဖမ်းဆီးရမိ


၂ နှစ်ကြာ ထွက်ပြေးတမ်းရှောင်နေတဲ့ တရားခံပြေး အမျိုးသားတစ်ဦး တာချီလိတ်လေဆိပ်မှာ PSMS စနစ်နဲ့ ဖမ်းဆီးရမိ

၂၃ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့မရဲစခန်းမှာ လောင်းကစားဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံထားရပြီး ( ၂ ) နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးအမျိုးသားတစ်ဦးကို တာချီလိတ်လေဆိပ်မှာ People Surveillance Management System (PSMS) ဖြင့် စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့က တာချီလိတ်လေဆိပ်ကနေ ထွက်ခွာမည့်ခရီးသည်များကို လေဆိပ်ရှိတာဝန်ရှိသူများက People Surveillance Management System (PSMS)စနစ်နှင့် စစ်ဆေးနေချိန်မှာ တာချီလိတ်လေဆိပ် မှ မန္တလေးလေဆိပ်ကို အပြည်ပြည်ဆိုင်ရာမြန်မာ (MAI) လေကြောင်းလိုင်းနဲ့ ထွက်ခွာမယ့် ခရီးသည်များကို လေဆိပ်တာဝန်ရှိသူများက စစ်ဆေးရာ ခရီးသည်အမျိုးသား ဝင်းချိုက တာချီလိတ်မြို့မရဲစခန်းမှာ လောင်းကစားပုဒ်မနှင့်အမှုဖွင့်ခံထားရတဲ့ ထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေးကို စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

တရားခံပြေးအမျိုးသား ဝင်းချိုကို တာချီလိတ်မြို့မ ရဲစခန်းမှာ (ပ)၅၁/၂၀၂၄၊လောင်းကစား ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ ၂၀၂၄ ခုနှစ်ကတည်းက အမှုဖွင့်ထားတာဖြစ်ပြီး (၂)နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။

ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အရှေ့သံလွင်မီဒီယာက သတင်းထောက် စွန်ရဲမှ တာချီလိတ်မြို့မ ရဲစခန်းကို သွားရောက်သတင်းမေးခဲ့ပြီး စခန်းတာဝန်ကျ ဂိတ်စောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက စခန်းမှူးကို ဖုန်းဆက်သွယ်ပေးခဲ့ပေမယ့် စခန်းမှူးက အလုပ်များနေလို့ နောက်ရက်မှ ပြန်လာရန်ပြောခဲ့ပြီး တာဝန်ကျဂိတ်စောင့်ရဲကို စခန်းမှူးဖုန်းနံပါတ် တောင်းပေမယ့်လည်း ပေးလို့မရဘူးဆိုကာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လ (၁၂) ရက်ကလည်း တာချီလိတ်လေဆိပ်ကနေ ဟဲဟိုးလေဆိပ်ကို ထွက်ခွာမယ့် ခရီးသည်တွေကို PSMS စနစ်စစ်ဆေးရာကနေ ၂၀၂၄ ခုနှစ်က လောင်းကစားဥပဒေပုဒ်မ ၁၈(က) အမှုဖွင့်ခံထားရပြီး (၂) နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေး အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးခံရတာတွေလည်းရှိပါတယ်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)မှာ ၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်အတွင်း ပူးပေါင်းဂိတ်များနှင့်လေဆိပ်ဂိတ်များ ပြေး (၄)ပြေးများရှိမရှိစစ်ဆေးရာ စစ်ပြေး (၂၁၁) ဦး၊ရဲပြေး (၁၇၀) နှင့် တရားခံပြေး (၃၉၇) ဖမ်းဆီးရမိပြီး ပြစ်မှုကျူးလွန်ပြီး အလိုရှိတရားခံများ ဂိတ်များတွင် ပါဝင်ဖြတ်သန်းမှု ရှိ၊မရှိကို PSMS စနစ်နဲ့ စစ်ဆေးနေတယ်လို့ နယ်လုံဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

#PSMS

#တရားခံပြေး

#တာချီလိတ်လေဆိပ်

#ရဲစခန်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin