Language:

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လူ (၁၁) ယောက်တင်လာတဲ့ စက်လှေတိမ်းမှောက်


ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လူ (၁၁) ယောက်တင်လာတဲ့ စက်လှေတိမ်းမှောက်

၂၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ကရင်ပြည်နယ် ကြာအင်းဆိတ်ကြီး မြို့နယ်အတွင်းက ဇမိမြစ်ထဲမှာ ဒီကနေ့ မနက်ပိုင်းက ခရီးသည် (၁၁) ဦးတင်ဆောင်လာတဲ့ စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ စက်လှေဟာ ကြာအင်းဆိပ်ကြီးကနေ ဘုရားသုံးတူကို သွားဖို့မောင်းနှင်နေစဉ် အလေးချိန်များတာကြောင့် တိမ်းမှောက်သွားတာလို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

“မုဒုံကလာတဲ့သူတွေလို့ သိရတယ်။ အကုန်ဆယ်လိုက်နိုင်ပါတယ်။ အသေအပျောက်မရှိပါဘူး” လို့ ကြားအင်းဆိပ်ကြီးမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

စက်လှေပေါ်လိုက်လာတဲ့ ခရီးသည်တွေဟာ မုဒုံ – အဘစ်- ဘုရားသုံးဆူကားလမ်းပေါ်က လှိုင်ကနီကျေးရွာအ နီးမှာ ရေကြီးနေတာကြောင့် ကြာအင်းဆိပ်ကြီးကနေ ဘုရားသုံးဆူကို စက်လှေနဲ့သွားရောက်စဉ် မနက် (၉) နာရီကျော်က အခုလို စက်လှေတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

လတ်ရှိမှာ လှိုင်ကနီကျေးရွာအနီးမှာ ကားလမ်းပေါ် ရေကျော်နေတဲ့အတွက် ခရီးသည်တင်ယာဉ်တွေ နဲ့ ခရီးသွားတွေ ပိတ်မိနေတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

#စက်လှေ

#လှေမှောက်

#ဇမိမြစ်

#ကြာအင်းဆိတ်ကြီး

#ကရင်ပြည်နယ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin