Language:

WIFI ကြိုးပျက်များ စနစ်တကျစွန့်ပစ်ခြင်းမရှိတာကြောင့် ယာဥ်မောင်းသူတွေ အန္တရာယ်ဖြစ်စေနိုင်


WIFI ကြိုးပျက်များ စနစ်တကျစွန့်ပစ်ခြင်းမရှိတာကြောင့် ယာဥ်မောင်းသူတွေ အန္တရာယ်ဖြစ်စေနိုင်

၂၀ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

တာချီလိတ်မြို့အတွင်း လမ်းမများနှင့် လူသွားလာနေရာများတွင် wifiကြိုးပျက်များ ရှုပ်ပွကာ စနစ်တကျစွန့်ပစ်ခြင်းမရှိဘဲ တွဲလောင်းကျနေမှုကြောင့် လမ်းသွားလမ်းလာသူတွေနဲ့ ယဥ်မောင်းသူတွေ အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် သက်ဆိုင်ရာက ရှင်းလင်းပေးစေလိုတယ်လို့ ဒေသခံတွေက အရှေ့သံလွင်သတင်းဌာနကို ပြောကြားလာကြပါတယ်။

Wifi ကြိုးတွေကို တစ်ချို့ရပ်ကွက်များတွင် စနစ်တကျ စုစည်းထားခြင်းမရှိဘဲ လမ်းဘေးမီးတိုင်များနှင့် အဆောက်အအုံများပေါ်တွင် ရှုပ်ထွေးစွာ ချိတ်ဆွဲထားပြီး ပျက်စီးနေသည့် ကြိုးများကိုလည်း ဖယ်ရှားခြင်းမရှိတာကြောင့် ညအချိန်များတွင် ယာဥ်မောင်းသူများမှ မြင်ကွင်းမရှင်းလင်းသည့်အတွက် ကြိုးနှင့် ချိတ်မိပြီး ထိခိုက်ဒဏ်ရာများ ရရှိစေနိုင်သည့်အပြင် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုအန္တရာယ်များ ဖြစ်ပွားနိုင်ကြောင်း သိရှိရပါတယ်။

“Wifi ကြိုးပျက်တွေ ရှုပ်ပွနေတာပဲ။ ပျက်တဲ့နေရာကပျက် ၊ တို့လို့တွဲလောင်းနဲ့ ညအချိန်မတော်လို့ချိတ်မိရင် အန္တရာယ်များတယ်။ တစ်မြို့လုံး မြင်မကောင်းဘူး။ ဝါယာရှော့ခဏခဏဖြစ်ကာ မီးလောင်နေတာကြောင့် တာဝန်ရှိသူတွေက လမ်းဘေးဓါတ်တိုင်များတွင် ချိတ်ဆွဲထားတယ့် Wifiကြိုးတွေကို ရှင်းရှင်းလင်းလင်း လုပ်ပေးစေခြင်တယ်လို့” ဒေသခံတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

တာချီလိတ်မြို့အတွင်းရှိ လမ်းဘေးဓာတ်တိုင်အများစုဟာ Wifi ချိတ်ဆက်ပေးတဲ့ ISP အများအပြားရှိတာကြောင့် Wifi ကြိုးနှင့် လျှပ်စစ်ဓာတ်ကြိုးများ ရှုပ်ယှက်ခက်နေကာ လမ်းကြိုလမ်းကြားနဲ့ တချို့ရပ်ကွက်တွေမှာ Wifiကြိုးများ တွဲလောင်းကျနေပြီး လမ်းသွားလမ်းလာပြည်သူတွေအတွက် အန္တရာယ်ဖြစ်နိုင်တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျလုပ်ဆောင်ပေးဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။

Wifi ကြိုးတွေကို ကုန်ကားနဲ့ ချိတ်ဆွဲမိတဲ့အခါ ဓါတ်တိုင်လဲသွားတဲ့အတွက် သက်ဆိုင်ရာ Internet Service Provider ကအလျော်တောင်းတဲ့ ဖြစ်စဉ်တွေရှိတဲ့အတွက် ကုန်ကားပိုင်ရှင်တွေက လျှော်ကြေးပေးရတာတွေလဲ ရှိတယ်လို့ အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

#Wifiကြိုး

#စနစ်မကျ

#ယာဉ်အန္တရာယ်

#ISP

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin